ကြောက်လန့်မှုဟာ မောင့်မျက်နှာထက်တွင် အတိုင်းသားပေါ်နေခဲ့သည် ။
သူတို့ဆိုတာ ဘယ်သူတွေမှန်းမသိပေမဲ့ မောင့်ပုံစံကြောင့် သူတို့ဟာ မောင့်အတွက် အနှောင့်အယှက်ဖြစ်မဲ့ သူတွေဆိုတာကို ခန့်မှန်းမိသည် ။" မောင်.. အဆင်ပြေရဲ့လား "
" ဟင် ..ဟုတ် ..အ..အဆင်ပြေပါတယ် "
အထစ်ထစ်အငေါ့ငေါ့ ထွက်လာတဲ့ မောင့်စကားတွေဟာ မောင်အဆင်ပြေမနေမှန်း သက်သေပြနေခဲ့သည် ။
" မ..အနားမှာရှိတယ်နော် .. ဘာမှမကြောက်နဲ့ "
မောင့်လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး အားပေးတော့ မောင်ဟာ ခေါင်းလေးတဆက်ဆက်ငြိမ့်ပြနေသည် ။
မောင့်ရဲ့တုန်လှုပ်နေတဲ့ ပုံစံကြောင့် စိတ်မသက်မသာဖြစ်နေမိတာတော့အမှန်ပင် ။မျက်လုံးစုံမှိတ်ကာ အသက်ပြင်းပြင်း ရှူထုတ်ပြီး
အိမ်ထဲသို့ ဝင်သွားသော မောင့်အနောက်သို့ ကောင်းမြတ်နဲ့အတူ လိုက်ဝင်ခဲ့လိုက်သည် ။ဧည့်ခန်းတွင် ထိုင်နေသော အသက်၄၀ကျော်လောက် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည် ။
သူတို့ကိုတွေ့သည်နှင့် မောင့်ရဲ့လက်သီးဆုပ်ကလေး တင်းကနဲ ဖြစ်သွားသည်ကို မြင်လိုက်ရသည် ။ကျယ်ဝန်းလှသော ဧည့်ခန်းထဲတွင် လေထုကအေးစက်နေသယောင် အပ်ကျသံပင်မကြားရချေ ။
မောင်ဆီကဘာအသံမှမကြားရသလို ထိုလူနှစ်ယောက်ဆီမှလဲ ဘာအသံမှ ထွက်မလာဘဲ မျက်နှာချင်းဆိုင်သာ စိုက်ကြည့်နေခဲ့ကြသည် ။ခဏကြာ အမျိုးသမီးကြီးသည် ထိုင်ရာမှထလာခဲ့ပြီး မောင့်ဆီသို့ တည့်တည့်မတ်မတ် လျှောက်လာခဲ့သည် ။
ထိုအမျိူသမီး မောင့်အနားသို့ ရောက်ခါနီးတွင် မောင်ဟာ အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည် ။" မောင်လေးက ကြောက်နေတုန်းလား "
ထိုအမျိုးသမီးကြီးဆီမှ အသံထွက်လာခဲ့သည် ။
ငြိမ်သက်နေသော လေထုတွင်
မောင်ဟာ မျက်ရည်အဝိုင်းသားနှင့် ထိုအမျိုးသမီးကြီးကို စိုက်ကြည့်နေခဲ့သည် ။
ထိုအမျိုးသမီးဟာ မောင့်အနားသို့ ဆက်လျှောက်သွားခဲ့သည် ။
အနားရောက်တော့ မောင့်ကို ဆွဲဖက်လိုက်ကာ..

YOU ARE READING
ကျနော်ချစ်သော ထိုအမျိုးသမီး
Historia Cortaမြတ်နိုးရပါသော ထိုအမျိုးသမီးဆီမှ အမုန်းတရားတို့သည် ခါးသက်သော ချိုမြိန်ခြင်းပင် ........