ကျယ်ပြန့်သော လွင်ပြင်ကြီးထဲတွင် မြက်ပင်ရိုင်းတွေဟာ အဆုံးမဲ့ ပေါက်ရောက်နေခဲ့ပြီး ထိုမြက်ပင်ရှည်တွေကြား တိုးဝှေ့သွားနေရသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော် ခန္ဓာကိုယ်ဟာလဲ မောပန်းပင်ပန်းစပြုလာသည် ။
တိုးဝှေ့နေရသောအရှိန်ကြောင့် လက်တို့ဟာ နာကျင်လာသလို မောဟိုက်လာသော ခန္ဓာကိုယ်ကြောင့် နေရာမှာပင် ဆောင့်ကြောင့်ထိုင်ချကာ ကလေးတစ်ယောက်လို ငိုကြွေးနေမိသည် ။
" မောင်လေး "
ရှိုက်သံတို့နှင့်ရောထွေးစွာ မပြတ်မသားကြားလိုက်ရသော အသံတစ်ခုကြောင့် ခေါင်းထောင်ကြည့်မိသည် ။
" မောင်လေး .."
ပြတ်သားစွာပြန်လည်ကြားလိုက်ရသော အသံကြောင့် ဘေးဘယ်ညာလိုက်ကြည့်ကာ...
" ကိုကို... ကိုကိုလား ... မောင့်ကိုကယ်ပါအုံး.. မောင်ဘယ်ရောက်နေမှန်းမသိလို့ .. ကယ်ပါအုံး... ကိုကို...ကိုကို "
" မောင်လေး "
အသံလာရာဘက်သို့ ဦးတည်ကာ ပြေးလိုက်သွားသော်လည်း ဒီမြက်ပင်ရှည်တွေကြားထဲမှာပင် တဝဲလည်လည် ။
" ကိုကို... ကိုကို "
လိုတာမရတော့တဲ့ ကလေးလို ဒူးနှစ်ဖက်ပေါ်မျက်နှာအပ်ကာ ကိုကိုဟုသာ ထပ်တလဲလဲ ခေါ်ရင်း တဖန်ငိုကြွေးနေပြန်သည် ။
"မောင်လေး "
နီးကပ်စွာကြားလိုက်ရသော အသံကြောင့် ခေါင်းမော့ကြည့်လိုက်ရာ ကိုကိုဟာ မောင့်မျက်စိရှေ့တွင် ရောက်ရှိနေခဲ့ပြီး ခုနကမြက်ပင်ရှည်တွေဟာလဲ ရုတ်ချည်းပျောက်ကွယ်သွားသလို ကွင်းပြင်ကျယ်ကြီးတွင် ကိုကိုနှင့် မောင်နှစ်ယောက်တည်းသာ ။
" ကိုကို .."
မျက်ရည်စတို့နှင့် ငိုကြွေးနေခဲ့သော မောင်ဟာ ကိုကိုဟုဆိုသော သုတထက်ကို ပြေးကာဖက်လိုက်သည် ။
" သုတမောင်က ကလေးလား ...
ကြည့်ပါအုံး ငိုထားတာ ကလေးလေးကျနေတာဘဲ နှပ်တွေတောင်ထွက်လို့ "ရင်ခွင်ထဲမှ ထွက်လာသော မောင်လေးရဲ့ ပါးပြင်ထက်တွင် ပေကျံနေသော မျက်ရည်စတို့ကို သုတ်ပေးလိုက်ပြီး ခေါင်းလေးကို အသာပုတ်ကာ ပြုံးပြလိုက်သည် ။
![](https://img.wattpad.com/cover/335785491-288-k322173.jpg)
YOU ARE READING
ကျနော်ချစ်သော ထိုအမျိုးသမီး
Short Storyမြတ်နိုးရပါသော ထိုအမျိုးသမီးဆီမှ အမုန်းတရားတို့သည် ခါးသက်သော ချိုမြိန်ခြင်းပင် ........