ကောင်းကင်ယံ၏ တောင်ဘက်ခြမ်းမှနေ၍ မိုးများဟာညှို့တက်လာနေပြီး
စိုစိုစွတ်စွတ်လေအေးများဟာလဲ တပြိုင်နက်တိုက်ခိုက်လာလေသည် ။
စိုစွတ်လာတော့မည့် ရာဥတုနဲ့အပြိုင် မျက်ဝန်းအိမ်မှ မျက်ရည်တို့ဟာလဲ ဝဲတက်၍လာလေသည် ။ဖြူဖြူဖွေးဖွေးအုတ်ဂူလေးရှေ့တွင် ရပ်နေသော မိန်းကလေး၏ ပါးပြင်ထက်၌ မျက်ရည်စတို့ဟာ ခစားလာကြသည် ။
စီးကျလာသော မျက်ရည်စတို့ကို သုတ်ဖယ်ခြင်းမရှိဘဲ တစ်စုံတစ်ခုသော အတွေးတို့ကြောင့် မျက်ရည်တို့ဟာ ပိုမိုစီးကျလာသယောင်" တောင်းပန်ပါတယ် ကိုကို "
တုန်တုန်ရီရီထွက်လာသော စကားသံတို့ဟာ အမှန်တကယ်ဝမ်းနည်းနေကြောင်းကို ဖော်ပြနေသည် ။
ရှိုက်သံတချို့ဟာလဲ ရောထွေးနေခဲ့ပြီး မျက်ရည်တို့ဟာလဲ စီးကျလျက်ပင် ..." ကိုကို... နွယ့်ဆီကထွက်သွားတာ ၂နှစ်တောင်ပြည့်တော့မယ် ... ကိုကို အဆင်ပြေရဲ့လား... ဘယ်များရောက်နေပြီလဲ "
စကားသံတို့ဟာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပေမဲ့ ထိုစကားသံများကို ကြားနိုင်သူတစ်ယောက်မှ ရှိမနေခဲ့ ။
" ကိုကိုမရှိတော့တဲ့ ၂နှစ်အတွင်းမှာ နွယ်အများကြီးပြောင်းလဲ သွားတယ်သိလား....
နွယ်လေ .. နွယ့်မှာလေ ကိုကို့အပြင် ချစ်ရမဲ့သူ ရှိနေခဲ့ပြီ ...
ကိုကို့အတွက် မတရားဘူးဆိုပေမဲ့ ..
နွယ်မောင့်ကို သိပ်ချစ်တယ် "မောင်ဆိုတဲ့ နာမ်စားလေးကို နှုတ်ကထွက်လိုက်တာနဲ့ ကြည်နူးမိသည် ။
တဆက်တည်း မောင့်ကို အရမ်းလွမ်းမိသည် ။" နွယ်အရင်က သုတထက်ကို အရမ်းမုန်းခဲ့တာ "
" ဒါပေမဲ့ အခုတော့ နွယ်အားလုံးသိခဲ့ရပြီ ... သုတထက်က မောင့်အတွက် အားလုံးအနစ်နာခံပေးခဲ့တယ်ဆိုတာ..
ကိုကိုတို့ စီးသွားတဲ့ကားက မတော်တဆ တိမ်းမှောက်သွားခဲ့ပေမဲ့ သုတထက်ရဲ့ အစီအစဉ်တွေအားလုံး အောင်မြင်ခဲ့ပါတယ် ...
မောင်ကလဲ စည်းစိမ်ဥစ္စာတွေကိုရော အမှန်တရားတွေကိုရော အခုချိန်ထိ ထိန်းသိမ်းထားခဲ့တာ ...ဒါပေမဲ့လေ မောင်က သူ့မိဘတွေကို သားသမီကိုပြန်သတ်တဲ့ လူသတ်တရားခံ အဖြစ်မခံနိုင်လို့ထင်တယ် သူကိုယ်တိုင် အမှန်တရားတွေကို ဖုံးကွယ်ထားခဲ့တာ ...
မောင်အရမ်းပင်ပန်းခဲ့မှာ... မောင်အများကြီး ပင်ပန်းခဲ့တာ ...
ဘာဘဲဖြစ်ဖြစ် ကိုကိုနဲ့ သုတထက်နှစ်ယောက်လုံးကို ကျေးဇူးတင်တယ် မောင့်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြလို့ "

YOU ARE READING
ကျနော်ချစ်သော ထိုအမျိုးသမီး
Short Storyမြတ်နိုးရပါသော ထိုအမျိုးသမီးဆီမှ အမုန်းတရားတို့သည် ခါးသက်သော ချိုမြိန်ခြင်းပင် ........