" ကိုကို !"
" ဟာ ..နွယ် ဘယ်လိုရောက်လာတာလဲ "
" ကိုကိုက လာမတွေ့တော့.. နွယ်က မနေနိုင်စွာဘဲ ကိုကို့ကို လွမ်းလွန်းလို့ လာတွေ့ရတော့ပေါ့ "
နှုတ်ခမ်းလေးထော်ပြီး ဆူအောင့်အောင့်ပြောနေတဲ့ လူကြီးပေါက်စလေးကို အူယားလွန်း၍ ပါးလေးကို အသာဆွဲညစ်လိုက်မိသည် ။
" စိတ်မဆိုးပါနဲ့ ကိုကိုရဲ့ လူကြီးပေါက်စလေးရယ် ..အခုတလော ဆိုင်မှာ လူတွေအရမ်းကျနေလို့ လာမတွေ့နိုင်တာပါ .. နွယ်ကဘဲ သဘောထားကြီးစွာ နားလည်ပေးပါနော် "
" နွယ်က နားလည်ပေးပါတယ် ..ကိုကို့ကို ဒီတိုင်းစချင်လို့သာ ဟီးဟီး....."
အပေါ်သွားတက်ကလေး ပေါ်သည်အထိ ရယ်ပြနေတဲ့ နွယ့်ကို တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်လာမိသလို ကိုယ့်အပိုင်အဖြစ် တစ်သက်စာ ပိုင်ဆိုင်ချင်မိသည် ။
ချလွမ်း!!!!
ဆိုင်တံခါးဖွင့်သံကြောင့် အပေါက်ဝသို့ အကြည့်ပို့မိရာ ...
" ဒီလူ! "
" မျက်ဝန်းလေး "
ဝင်ဝင်ချင်းကောင်တာမှာ စကားရပ်ပြောနေသော မိန်းကလေးကြောင့် အံ့အားသင့်သွားခဲ့ရသည် ။
" နွယ်တို့နှစ်ယောက်က သိနေကြတာလား "
" မသိပါဘူး ကိုကို... ဒီတိုင်း မတော်တဆဆုံဖူးလို့သာ "
ကိုကိုဆိုတဲ့ အသုံးအနှုန်းကြောင့် မျက်မှောင်ကြုံ့ကာ အလိုမကျသော မျက်လုံးတို့ဖြင့် သူငယ်ချင်းဖြစ်သူကိုကြည့်မိသည် ။
" အော်.... ဒါဆို မိတ်ဆက်ပေးမယ်လေ ..
နွယ် ..သူက ကိုကို့ငယ်သူငယ်ချင်း သုတထက်တဲ့ USမှာ ကျောင်းသွားတက်နေခဲ့တာ ပြန်ရောက်တာ တော့မကြာသေးဘူး ..
သုတ ..သူက ငါ့ကောင်မလေး ..ငါနဲ့လက်ထပ်မဲ့ မိန်းကလေး ဆူးခက်နွယ်တဲ့ "" မင်းကောင်မလေးလား ?"
" ဟုတ်တယ် ...မင်းနဲ့ စကားမစပ်မိသေးလို့ မပြောပြဖြစ်တာ ... အခုတော့ လူကိုယ်တိုင်တွေ့ရပြီဆိုတော့ တစ်ခါထဲမိတ်ဆက်ပေးလိုက်တာ "

YOU ARE READING
ကျနော်ချစ်သော ထိုအမျိုးသမီး
Короткий рассказမြတ်နိုးရပါသော ထိုအမျိုးသမီးဆီမှ အမုန်းတရားတို့သည် ခါးသက်သော ချိုမြိန်ခြင်းပင် ........