အရောင်မဲ့ခြင်းတွေ ပျက်ပြယ်သွားတဲ့အခါ အရာရာဟာ လှပလာတော့မည်မဟုတ်လား ။
ချစ်ခြင်းတရားရဲ့ လွှမ်းခြုံမှုဟာ တကယ်ကိုဆန်းကြယ်လှသည် ။
အားငယ်နေရချိန်မှာ ကိုယ်ချစ်ရသူရဲ့အားပေးစကားတစ်ခွန်းသာ လိုအပ်သလို
အထီးကျန်နေချိန်မှာလဲ ကိုယ်ချစ်ရတဲ့သူအကြောင်း တွေးမိရုံနဲ့တင် နွေးထွေးရသည် ။
ချစ်ခြင်းတရားဟာ ဘယ်နည်းဘယ်ပုံတည်ရှိနေမှန်း မသိသော်လည်း နာကျင်ခြင်းနဲ့အတူ ပျော်ရွှင်ခြင်း ရောနှောနေသော အချစ်စစ်ကိုတော့ တကယ်ချစ်မိသူတိုင်း ခံစားဖူးကြသည် ။ကိုယ်ချစ်ရတဲ့သူရဲ့ဘေးမှာ အိပ်စက်ခွင့်ရတဲ့ညတွေဟာ အိမ်မက်တွေလှပနေသလို ချစ်ရတဲ့သူရဲ့ ရင်ခွင်ထဲမှ နိုးထခွင့်ရတဲ့ မနက်ခင်းတိုင်းဟာလဲ သာယာလှပနေမှာ ဧကန်ပင် ။
မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးလေးထက် ချစ်သူရဲ့ရင်ငွေ့လေးဟာ ပို၍နွေးထွေးရတယ်လို့ပြောရင် နေမင်းကြီးများ စိတ်ဆိုးသွားမလား ။
နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ချစ်သူရဲ့မျက်နှာလေးကို တမေ့တမော ကြည့်နေရတဲ့အချိန်ဟာ အကြည်နူးဆုံးနဲ့ အပျော်ရွှင်ရဆုံးအချိန်သာ ဖြစ်လိမ့်မည် ။ပိုင်ဆိုင်ထားရတာတောင် အိမ်မက်လို့ထင်နေတဲ့ စိုးရိမ်စိတ်တို့ကိုလဲ နဖူးထက်သို့ ခပ်ဖွဖွထိတွေ့လိုက်တဲ့ အထိအတွေ့တို့က အိမ်မက်မဟုတ်ကြောင်းသက်သေပြနေသည် ။
တကယ်ပါ ဒီလူသားကိုပိုင်ဆိုင်ရဖို့အတွက် ပေးဆပ်ရအုံးမယ်ဆိုရင်တောင် ကိုယ့်အသက်ကို သူ့လက်ထံအပ်နှင်းပြီး ဘာမဆိုပေးဆပ်နေမိအုံးမည်ထင်တယ် ။ခပ်ဝဲဝဲကျနေသော နဖူးထက်မှဆံနွယ်အချို့ကို သပ်တင်ပေးခွင့်ရသော ဒီလိုအချိန်မျိုးကို အကြိမ်ထောင်သောင်းမကရယူချင်မိသည် ။
လိုချင်စိတ်တွေများလာတဲ့အတွက် ဒီလူကို ပိုင်ဆိုင်ထားရတာတောင် မလုံလောက်တော့ဘူး ထင်ပါရဲ့ ။" မောင်နိုးနေပြီလား.... မကိုပါတစ်ခါတည်း နှိုးလိုက်တာမဟုတ်ဘူး ... ဒီတိုင်းကြီး ကြည့်နေတယ်ပေါ့ "
" မ ပျောက်သွားမှာစိုးလို့ "
" မက ဘာလို့ပျောက်သွားရမှာလဲ "

YOU ARE READING
ကျနော်ချစ်သော ထိုအမျိုးသမီး
Contoမြတ်နိုးရပါသော ထိုအမျိုးသမီးဆီမှ အမုန်းတရားတို့သည် ခါးသက်သော ချိုမြိန်ခြင်းပင် ........