တီ.......တီ...
ကားဟွန်းတီးသံကြောင့် security တစ်ယောက်ဟာပြေးလာခဲ့ပြီး....
" ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ "
" သု တ ထက်နဲ့ တွေ့ချင်လို့ "
ခပ်ရဲရဲနှုတ်ခမ်းပါးထက်က တစ်လုံးချင်းထွက်ကျလာတဲ့ သူမရဲ့ စကားသံဟာ မာထန်လှသည် ။
" အကိုလေးနဲ့ အသိလားဗျ .. အစ်မကိုတော့ တစ်ခါမှမမြင်ဖူးဘူး "
" မေ မာန် ထက် ဆို သိမလား "
Security ဟာ စဉ်းစားနေသယောင်နဲ့ ခေါင်းကုတ်နေခဲ့သည် ။
" ငါ့အချိန်တွေ ကုန်တယ် .. တံခါးသာ သွားဖွင့်စမ်းပါ "
ခပ်တင်းတင်းဆိုလိုက်သော သူမရဲ့ လေသံအောက်မှာ security ဟာ တံခါးကို အလျှင်အမြန်သွားဖွင့်လိုက်သည် ။
ခြံဝင်းကျယ်ကြီးတစ်လျှောက် မောင်းဝင်လာခဲ့သော ကားအနက်ရောင်တစ်စီးကို ခြံထဲကလူတော်တော်များများ အာရုံစိုက်နေကြသည် ။
ကားပေါ်မှဆင်းလာသော မိန်းကလေးမှာ ဂျင်းဘောင်းဘီနှင့် ရှပ်နက်ပြာရိုးရိုးကိုသာ ဝတ်ဆင်ထားသော်လည်း သူမဟာ အရှိန်အဝါကြီးဟန်တူသည် ။
ခပ်ရဲရဲနှုတ်ခမ်းပါးနှင့် မျက်ဝန်းများဟာ စူးရှလှသည် ။
အိမ်ထဲသို့ တစ်လှမ်းချင်းလှမ်းဝင်လာသော သူမရဲ့ပုံစံမှာ ဘာကိုမှဂရုမစိုက်ဟန်ဖြင့်သာ.." ဧည့်သည်လာတယ်ဆိုလို့ ဘယ်သူများလဲလို့ မေမာန်ထက်ပါလား "
ဦးရှိုင်းသုတရဲ့အပြောကို သူမဟာ ဂရုမစိုက်ဟန်ပြုပြီး လက်ထဲကဖုန်းကိုသာ အာရုံစိုက်နေသည် ။
" လူကြီးကို လေးစားရမယ်ဆိုတာ မင်းအဖေကမသင်ပေးထားဘူးလား "
" ကျွန်မအဖေက လူကြီးတိုင်းကို လေးစားရမယ်လို့ သင်မပေးထားဘူး လေးစားစရာကောင်းတဲ့ လူကိုဘဲ လေးစားရမယ်လို့ သင်ပေးထားတာ ...
အော်.. နောက်ပြီလောဘစိတ်တွေကြီးစိုးနေတဲ့ သူတွေကို လေးစားရမယ်လို့လဲ မသင်ပေးထားပြန်ဘူး "" မင်း စကားကို ဘယ်လိုပြောနေတာလဲ "
" ကြားတဲ့အတိုင်းဘဲလေ ...

YOU ARE READING
ကျနော်ချစ်သော ထိုအမျိုးသမီး
Short Storyမြတ်နိုးရပါသော ထိုအမျိုးသမီးဆီမှ အမုန်းတရားတို့သည် ခါးသက်သော ချိုမြိန်ခြင်းပင် ........