Episode-10[Unicode]

182 22 4
                                        

"ဒါလေးကိုမှန်မှန်လိမ်းပေးနော်...နောက်ပြီးတော့ ခြေထောက်ကအရမ်းကိုက်လာခဲလာရင် ဒါလေးတစ်လုံးလောက်သောက်ပေး.."

ဒေါက်တာရှင်မင်းဆက်ကတော့ လုပ်ပေးစရာရှိတာတွေကိုသာ ဆက်ပြီးလုပ်ပေးလို့နေ၏။ မြမှာတော့ ရင်ဘတ်ထဲကမယိုးမယွဝေဒနာကို အနိုင်နိုင်ဖုံးဖိနေရပါရဲ့။

"ဪ..မြ...ဒါကတော့ မြဆေးသောက်ပြီးရင်ငုံထားဖို့..."

လက်ထဲရောက်လာတဲ့ သကြားလုံးဝါဝါလေးကြောင့် မြမှာမျက်ရည်ပင်ဝဲရ၏။ ငယ်ငယ်ကတည်းက ဆေးဆိုလျှင်သိပ်ကြောက်တတ်တဲ့မြကို ဆက်က အဲ့ဒီလိုပဲ ဆေးသောက်ပြီးတိုင်း သကြားလုံးလေးတစ်လုံးကျွေးနေကြလေ။

"ဆက်...နင်ဟာ....ပြီးပြီမလား...ငါပြန်တော့မယ်...ဆေးဖိုးဘယ်လောက်ကျလဲ..."

မြလည်း မျက်ဝန်းအိမ်ထဲမှ မျက်ရည်စတွေကို ပုတ်ခတ်ထုတ်ကာ အနိုင်နိုင်ဖုံးဖိနေရ၏။ အချစ်ဦးဆိုသည် တန်ခိုးကြီးလှပါပေစွ။

"မြမို့လို့..ပေးစရာမလိုပါဘူး...တကယ်လို့မြကအရမ်းပေးချင်တယ်ဆိုရင်တော့လည်း...၁၅၀၀သာပေးခဲ့..ဟုတ်ပြီလား..."

"ရော့..အဲ့မှာ၅၀၀၀...ပြန်မအမ်းနဲ့တော့..."

မြလည်း ပိုက်ဆံအိတ်ထဲအသေးဆုံးပါလာတဲ့ ၅၀၀၀တန်တစ်ရွက်ကိုထုတ်ပေးကာ လူနာခုတင်ပေါ်ကဆင်းလိုက်တော့၏။

"ဟိတ်...ငါပြောတာဒီလို၁၅၀၀မဟုတ်မှန်းမြသိပါတယ်..."

မြရဲ့လက်ကောက်ဝတ်ဖြူဖြူလေးကိုလှမ်းဆွဲပြီး ၅၀၀၀တန်လေးကို အတင်းပြန်ထည့်ပေးလိုက်သေး၏။ မြဆီကတုန့်ပြန်လာသော မျက်စောင်းလေးတစ်ချက်ကိုသာ ဆေးကုသခအဖြစ် သူအမြတ်တနိုးသိမ်းထားလိုက်လေသည်။

"ငါ့ရဲ့မြက ဒီလိုမျက်စောင်းလေးထိုးနေတာတောင်သိပ်လှတာပဲ..."

ဤရေရွတ်သံကို အခန်းထဲမှထွက်သွားပြီဖြစ်သော မြူနှင့်မြတို့ကတော့ ကြားမကြားမသိ။ ဂျူတီကုတ်အဖြူရောင်လေးနှင့် ဒေါက်တာမမကတော့ တစ်ယောက်တည်း ပြုံး၍ကျန်နေခဲ့လေတော့သည်။

________________________

"ဪ...ဘယ်သူများလဲလို့..တို့ရဲ့မြူခိုးလေးဖြစ်နေတာကိုး..."

မြကြေးမုံWhere stories live. Discover now