Episode-12[Unicode]

279 26 20
                                        

"မြ...စိတ်ကိုအေးအေးထားနော်...ငါဆေးရုံအုပ်ကြီးနဲ့ပါရဂူကြီးတွေကိုသေချာအကူအညီတောင်းထားတယ်သိလား...သျှန်းလေးကိုသူတို့အကောင်းဆုံးကယ်ပေးနိုင်မှာပါဟ...နော်..."

ဆက်က မြရဲ့လက်လေးကိုဆုပ်ကိုင်ကာ ဘေးကနေ တဖွဖွအားပေးနေရှာ၏။ သျှန်းတစ်ယောက်ကတော့ အရေးပေါ်ခန်းထဲတွင် သေမင်းနှင့်စစ်ခင်းနေရရှာလေသည်။

"​ဆက်...ငါ..ငါသျှန်းကိုထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူးဆက်ရယ်..."

မြရဲ့အသံတို့က တုန်ရီနေ၏။ ရင်တစ်ခုလုံးဟာလည်း ဗြောင်းဆန်လျှက်ရှိ၏။။

"အခုအထဲမှာရှိနေတဲ့ဆေးရုံအုပ်ကြီးရော..ပါရဂူကြီးရောကငါ့ဆရာတွေ မြရဲ့...သူတို့ကအရမ်းတော်တာ...သူတို့သျှန်းလေးကိုကယ်ပေးနိုင်မှာပါဟ...စိတ်အေးအေးထားနော်...မြဘေးမှာငါတစ်ယောက်လုံးရှိတယ်..."

မြတို့နှစ်ယောက် ခွဲစိတ်ခန်းရှေ့၌ နာရီအတော်ကြာအောင် စောင့်ဆိုင်းပြီးသွားသောအခါ နွမ်းလျလျမျက်နှာဖြင့် ခွဲခန်းထဲမှပြန်ထွက်လာသော ဆရာဝန်ကြီးကို တွေ့လိုက်ရ၏။

"ဆရာ....သျှန်းအခြေအနေကဘယ်လိုဖြစ်သွားပြီလဲဟင်..."

မြက မျက်ရည်စတွေကိုပင် မသုတ်နိုင်ဘဲ ဆရာဝန်ကြီးဆီ အပြေးသွားမိ၏။ ဆက်လည်း မြနောက်ကိုလိုက်သွားရလေသည်။

"လူနာကလက်ရှိမှာတော့ အသက်အန္တရာယ်မစိုးရိမ်ရတော့ပါဘူး..."

ဆရာဝန်ကြီးစကားကြောင့် မြတစ်ယောက် ဝမ်းသာသွားမိသည်။ ဒူးတွေပင် ညွှတ်ခွေသွားမတတ်။ သျှန်းဆီကိုသာ အပြေးသွားချင်နေမိသည်။

သို့သော် ဆရာဝန်ကြီး၏မျက်နှာက သိပ်ပြီးမရွှင်လန်း။ ဆရာဝန်ကြီးက ဆက်ရဲ့နားနားကိုတိုးကပ်ကာ စကားပြောလိုက်ပြီး မျက်နှာအရိပ်အကဲပြကာသာ လှည့်ထွက်သွားလေတော့သည်။

"အာ...ဟုတ်လား...ဟုတ်ကဲ့ပါဆရာကြီး..."

ဆက်တစ်ယောက် နွမ်းလျသောမျက်နှာလေးဖြင့် မြကိုလှမ်းငေးကြည့်လိုက်မိသည်။ ပျော်နေရှာတဲ့မြကိုကြည့်ပြီး ခပ်ရေးရေးလေးပြုံးကာသာ သက်ပြင်းသဲ့သဲ့လေးခိုးချမိ၏။ ဆက်ဘယ်လိုများပြောထွက်ပါ့မလဲ။

မြကြေးမုံWhere stories live. Discover now