Episode-11[Unicode]

230 30 7
                                        

"မမ...မမ....မ..."

မြူ့မျက်လုံးနှစ်ဖက်ပွင့်လာချိန်၌ ခန္ဓာကိုယ်တစ်ခုလုံးဟာ ကိုက်ခဲလို့နေ၏။ ညကဘာတွေဖြစ်ခဲ့သလဲ မြူမမှတ်မိတော့ပြီ။

"မင်းနိုးလာပြီလား..."

"ဟင်...မမ...မြူကဘယ်လိုဖြစ်ပြီး.."

အခန်းထဲဝင်လာသည့် မမကိုမြင်တော့မှ မြူအနည်းငယ်တွေဝေသွားရသည်။ မြူအိပ်စက်နေသည့်နေရာဟာ မြူ့အိပ်ခန်းမဟုတ်ခဲ့။

"မင်းညကမိုးရေထဲမှာအဖျားတက်ပြီးမေ့လဲသွားလို့လေ...အဲ့ဒါဆက်ကဆေးတစ်လုံးထိုးပေးထားတာ...အခုရောဘယ်လိုနေသေးလဲ..."

မမရဲ့လက်ချောင်းလေးတွေက မြူ့နှဖူးစပ်လေးကို ထိတွေ့သွားသည့် ထိုအခိုက်အတန့်လေးဟာ တိုတောင်းလှပါသော်လည်း မြူ့အတွက်တော့ ကမ္ဘာတစ်ခြမ်းအပိုင်ရလိုက်သည့်နှယ်။

"ကိုယ်တော့မပူတော့ဘူးပဲ..."

မမက မြူအိပ်နေတဲ့ခုတင်ဘေးက ထိုင်ခုံလေးပေါ်မှာ ထိုင်လိုက်ရင်း မြူ့ကိုကြည့်နေပါရဲ့။ မြူရင်တွေခုန်လိုက်တာလေ။

"ဒီမှာ...တို့ဆန်ပြုတ်ယူလာတယ်..မင်းနည်းနည်းလောက်သောက်လိုက်ဦး..."

မမက လက်ထဲကပန်းကန်လုံးဖြူဖြူလေးကို စားပွဲပေါ်အသာတင်လိုက်ရင်းပြောလာခြင်းပင်။ မြူ့ဘဝမှာ မမယူလာပေးတဲ့ဆန်ပြုတ်ကို သောက်ရမယ်တဲ့လား။ မမအတွက်တော့ ဘာမှမဟုတ်ပေမဲ့ မြူ့အတွက်ကတော့ ကျေနပ်စရာအတိ။ မြူဟာ ဒီအမျိုးသမီးနှင့်ပတ်သတ်လာလျှင် ရူးကိုရူးပါရဲ့။

"မမ...မြူ့ကိုတကယ်မမုန်းဘူးပေါ့နော်..."

"မင်းညကတည်းကဒါပဲပြောနေတာ...တို့မုန်းတာမမုန်းတာကဘာများအရေးကြီးလို့ မင်းကကိုယ့်ဒုက္ခကိုယ်ရှာနေရတာလဲ..."

"ဟို...အဲ့ဒါကလေ..."

မြူ့နှုတ်ခမ်းတွေပင် စေးကပ်သွားရသလိုလို။ မြူ့ဘဝမှာ ပြောဖို့ခက်တဲ့စကားဆိုတာမျိုးက အခုတော့တကယ်ရှိလာခဲဲ့ပြီ။

"ကဲ...ဟိုတွေဒီတွေလုပ်မနေနဲ့...ဆန်ပြုတ်သောက်စရာရှိတာသောက်...ပြီးရင်ဆက်ပေးခဲ့တဲဆေးတစ်ခွက်သောက်ပြီးမင်းအိမ်ပြန်ရဦးမယ်...ကြားလား..."

မြကြေးမုံWhere stories live. Discover now