Episode-9[Unicode]

190 23 6
                                        

"အဟင်း....မြကတော့လေ...ငါကမြအကြောင်းကိုမသိတော့ဘူးလို့များထင်နေတာလား..."

မြူတို့ကားနားကိုရောက်ရောက်ချင်း ကားကိုမှီကာလက်ပိုက်လျှက်သားကြိုစောင့်နေတဲ့ ထိုအမျိုးသမီးကြောင့် မြူပင်လျှင် အံ့ဩသွားရပါရဲ့။ မြူတို့ ဒီကားနှင့်လာမှန်းကိုလည်း သိနေသတဲ့လား။ ဒီအမျိုးသမီးက ခေသူတော့မဟုတ်။

"ကဲ...မြ...ဒီမှာခဏထိုင်..နော်..."

မြူ့ကားနံဘေး၌ကပ်၍ရပ်ထားသော အဖြူရောင်Mark IIကား၏ အနောက်ဖုံးကိုဆွဲဖွင့်ကာ မမကိုထိုင်စေပြန်၏။ ဒီအခြေအနေမှာ မြူဘာလုပ်သင့်သလဲ။ နောက်ဆုတ်နေရမလား။ ထိုအမျိုးသမီး၏ ပိုင်စိုးပိုင်နင်းအပြုအမူများကိုပဲ တားမြစ်ရလေမလား။

"အ...".

"ကြည့်...မြခြေကျင်းဝတ်အဆစ်ယောင်သွားပြီတွေ့လား...ဒီတိုင်းဆက်ထားလိုက်ရင်ပိုဆိုးသွားမှာပေါ့မြရဲ့...ဒေါ်မြကြေးမုံတို့ကတော့လေ..ကလေးလည်းမဟုတ်တော့ဘဲနဲ့..သိပ်ခေါင်းမာချင်တာပဲ..."

ထိုအမျိုးသမီးက ဒူးလေးကွေးထိုင်လျှက် ကျွမ်းကျင်ပိုင်နိုင်စွာပင် မမရဲ့ခြေကျင်းဝတ်ဖြူဖြူလေးကို ဆေးလိမ်းပေးကာ ပတ်တီးစည်းပေးနေပြန်၏။ မမကလည်း ယခုအခါမှာတော့ ခါးခါးသီးသီးမတုန့်ပြန်တော့ဘဲ ငြိမ်သက်နေလေရဲ့။ ဒီနေ့ မမရဲ့အပြုအမူတွေကို မြူတော့ဖြင့် နားမလည်နိုင်တော့ပြီ။

"မြ....ဘာလို့ငါ့ကိုရှောင်ပြေးချင်နေရတာလဲမြရယ်...ငါကမြအနားမှာအမြဲရှိနေမယ်ဆိုတာလည်းမြသိရဲ့သားနဲ့..."

အဲ့ဒီအမျိုးသမီးက မမနှင့်ဘယ်လိုများပက်သက်နေတာလဲ။ တွေးရင်းတွေးရင်း မြူ့ရင်ထဲဗလောင်ဆူလာရ၏။

"ကဲပါ...မြဘက်ကစိတ်အဆင်သင့်မဖြစ်သေးဘူးဆိုလည်းရပါတယ်...ငါစောင့်နိုင်ပါတယ်မြရဲ့...မြဘက်ကအချိန်ပေးနိုင်ပြီဆိုရင်တော့..ငါတို့စကားအေးဆေးပြောကြရအောင်နော်...ရော့..ဒါငါ့ကဒ်.."

ထိုအမျိုးသမီးက မမရဲ့လက်သွယ်သွယ်လေးထဲကို ငွေရောင်ကဒ်ပြားလေးတစ်ခု ထည့်ပေးလာ၏။ မမကတော့ ပျက်ယွင်းသောမျက်နှာထားဖြင့်သာ သူမကိုပြန်ကြည့်နေဆဲ။

မြကြေးမုံWhere stories live. Discover now