Part (2)

270 17 0
                                    

Unicode

ရွာပြန်လမ်းတစ်လျှောက် ဆိုးပေလေးအကြောင်းတွေးရင် ဘယ်လောက် အရွယ်ရောက်ပြီး၊ ဘယ်လောက် ကြည့်ကောင်းလာမလဲ သိချင်မိတယ်။ တိတ်တခိုးပေမယ့် သူ့ကိုလဲ မသိစေချင်ပါ။ ခုထိ သိပုံမပေါ်သေးဘူးထင်ပါတယ်။ ဘာလို့ဆို သူ့ခေါင်းထဲမှာ ဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်လိုမွှေရမလဲပဲ တွေးနေတာဆိုတော့လေ။ အင်း ဒီတစ်ခေါက်တော့ မင်းနဲ့ ရင်းနှီးချင်မိတယ်။ ဒါပေမယ့် ငါနဲနဲတော့ ကြောက်နေမိတယ် ဆိုးပေလေး။

ရွာဝင်လမ်းတစ်လျှောက်တွေ့နေရတဲ့ သာယာလှပတဲ့ ရှုခင်းလေးတွေ၊ လေယူရာ ယိမ်းနွဲ့နေတဲ့ စပါးပင်လေးတွေ၊ မှုန်ပျပျ မြင်နေရတဲ့ ရွာဦးစေတီ၊ အင်းအလွမ်းလေးတော့ ပြေရပြီပေါ့။ ရွာရောက်ပြီလေ။

"အမေ သားပြန်ရောက်ပြီ။ သားသူငယ်ချင်းလဲ ပါတယ်သိလား။"

"အမလေး မေမေ့သား အချောလေး ပြန်လာပြီပဲ။ ပြောပါဦး အမေ့ကို ဘယ်လောက် သတိရလဲဆိုတာ"

" သတိတွေ များကြီးရနေတာပါနော် ကျွန်တော်က"

"သားသူငယ်ချင်းလေး လာ ထိုင်လေ။ အန်တီတို့က အဲ့လိုပဲ ။ ဘာမှ အားနာမနေနဲ့နော်"

စကားကောင်း၊ အချွဲကောင်းနေတာနဲ့ သူငယ်ချင်းလေးကို သတိမရမိ။ တော်သေးတယ် အမေကသတိတရ အိမ်ထဲ ခေါ်လို့။ မဟုတ်ရင် အဲ့ကောင် ဘယ်ချိန်ထိ မတ်တပ်ရပ်နေရမလဲ မသိဘူး။

အထုတ်ပလုတ်တွေ ချပြီးနောက် အိမ်‌ရှေ့ ကွတ်ပျစ်သို့ ထွက်လာမိသည်။ ဟိုကောင်ကတော့ ခရီးပန်းလာလို့လားမသိ စက်တော်ခေါ်နေလေရဲ့။

" အမေ၊ ဆိုးပေရော လိမ္မာပြီလား"

"အမလေး မင်းဆိုးပေလား လိမ္မာမှာ ဟိုတစ်နေ့ကပဲ ရွာဦးဘုန်းကြီးကျောင်းထဲက ငါးတွေဖမ်းလို့ သူ့အဖေ သူကြီး ထိတ်တုံးမိထားတယ်။ အခုတော့ နဲနဲ ငြိမ်နေလေရဲ့တော်။ အမေ့သားလေး မေးမှ မေးပါ့မလား အမေက စိုးရိမ်နေတာ"

" အာ အမေကလဲ"

"အမလေး ခုမှ ရှက်မနေပါနဲ့။ အမေ့သားအကြောင်း အမေသိတာပေါ့၊ ခုချိန် ဆိုးပေက ထန်းတောထဲ အမြည်းစားပြီး လေပေါနေလောက်ပြီ"

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now