Part (17)

292 9 1
                                    

Unicode

ဒီလိုနဲ့ အချိန်တွေလည်ပတ်ရင်းနဲ့ နောက်ဆုံးနှစ် စာမေးပွဲဆိုတာကြီး ရောက်ရှိလို့လာပါပြီ။ သူများတွေကတော့ ကြောက်လန့်နေကြပေမယ့် ကျွန်တော် နဲ့ အင်ယော့ နှစ်ယောက်တည်းပဲ အပျော်ကြီး ပျော်နေကြတာ။ ခြောက်ရက်ပဲကျန်တော့ တဲ့ လွမ်းရတဲ့ရက်တွေကို မြန်မြန်ကုန်ချင်ပေါ့လေ။ နောက်နှစ်ဆိုတာကြီး မဖြစ်ချင်လို့ အသားကုန်ကျက်ခဲ့တာမို့ စာမေးပွဲမှာ အဆင်ပြေချောမွေ့ခဲ့တာပါပဲ။ စာမေးပွဲနောက်ဆုံးနေ့ကျရင် မောင် လာခေါ်မှာမို့ အဝတ်တွေအကုန်ထည့်ထားပြီးသား။ စာမေးပွဲ ပြီးတာနဲ့ တန်းပြီးလိုက်ရုံပဲ။

မနက်စောစော ထွက်လာမဲ့ မောင့်ကြောင့် (၃) နာရီလောက်ထကာ အကုန်ပြင်ဆင်ပြီးစောင့်နေမိသည်။

"ယောင်း။ ဟောဗျာ မောင့် ယောင်းက ငိုက်နေပါရောလား"

ယောင်းရဲ့ အထုပ်တွေကို ကားပေါ်အရင်တင်လိုက်သည်။ နည်းတာမဟုတ်ဘူး တစ်နှစ်စာ အထုပ်တွေရော၊ အသုံးအဆောင်တွေရော တင်ပြီးတာနဲ့ အဆောင်မှူးဆီသွားကာ ယောင်းကိုခေါ်သွားဖို့ သွားပြောရသေးသည်။ အကုန်လုံး လုပ်ပြီးတဲ့ အထိ ပါးစပ်လေးဟကာ တိုင်လေးခေါင်းမီပြီး ငိုက်နေတဲ့ ချစ်ရသူကို မနိုးရက်တာကြောင့် ပွေ့ချီပြီး ကားပေါ်တင်ခဲ့ပြီး ရွာသို့ ပြန်လာခဲ့တော့သည်။ ရွာရောက်ရင်တော့ မောင့် ယောင်းလေး ပိုပင်ပန်းရမှာ အခုတော့ အိပ်ထားနော်။ အဝေးပြေးလမ်းမပေါ်သို့ တရိပ်ရိပ်နဲ့ ပြေးနေသော ကားပေါ်တွင်ရှိသော ကောင်လေးနှစ်ယောက်။ တစ်ယောက်ကတော့ အိပ်မောကျကာ အိမ်မက်များတောင် မက်နေမလားမသိ။ တစ်ယောက်ကတော့ အကြံတွေနဲ့ ပြုံးနေသည်။ ထိုတစ်ယောက်ရဲ့ အကြံတွေကိုတော့ အိပ်မောကျနေသော ကောင်လေးကတော့ သိမည်မထင်။

"ယောင်း။ ယောင်း ထတော့ ရွာရောက်ပြီဗျ"

"ဟင် ရွာတောင်ရောက်ပြီလား။ ယောင်းက တစ်လမ်းလုံး အိပ်လာတာပေါ့"

"ဟုတ်ပါ့ဗျာ။ ယောင်းလေးက အိပ်ပုတ်လေးပဲ"

"မောင်နော်။ ယောင်းက မောင်အလာကို အစောကြီးထစောင့်နေလို့ပါနော်"

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now