Part (3)

244 15 0
                                    

Unicode

ရွာထဲ ရောက်ကတည်းက ဘယ်မှ မသွားဖြစ်သေးတာက တစ်ကြောင်း၊ အင်ယော့ကို ရွာထဲ လိုက်ပြပေးပို့က တစ်ကြောင်းကြောင့် အင်ယော့ကိုခေါ်က ရွာထဲသို့ ထွက်လာခဲ့သည်။

"အမေ သား ရွာထဲ ခဏ သွားမယ်နော်"

အမေ့သို့ အော်ပြောပြီး ထွက်လာခဲ့မိသည်။ ညနေစောင်းမို့ ဒီချိန်ဆို ရွာဦးကျောင်းရှေ့က ရေတွင်းမှာ လူစုံနေလောက်ပြီ။ ရေခပ်ရန် လာသော ပျိုမေတစ်သိုက်ကို ငမ်းရန်လာသော လူပျိုတစ်သိုက်အပြင် ဆိုးပေလေးလဲ ရှိနေနိုင်သည်။ လျှောက်ရင်း လျှောက်ရင်းနဲ့ တဖြည်းဖြည်းနီးလာသော နေရာတွင် တွေ့လိုက်ရသော နှစ်ယောက်မရှိ ကျွန်တော်ရဲ့ ဆိုးပေလေး။ နေမင်းကြီးက အနောင်ဘက်သို့ ကျဆင်းချိန်၌ တွေ့လိုက်ရသော ကျွန်တော့် ဆိုးပေလေးက အရင်ကထက်ကို အများကြီး ကြည့်ကောင်းနေလေသည်။ ဘေးက အင်ယော့ခါးကို တတောင်ဖြင့်တွက်၍ မေးဆက်ကာပြလိုက်သည်။

"အဲ့မှာ ငါရဲ့ နှစ်ယောက်မရှိ ဆိုးပေလေး"

"အမယ် ဘယ်ဆိုးလို့လဲ။ ငါ့သယ်ချင်းလေး ကြိုက်တဲ့သူက အချောပဲ"

"ကဲ တွေ့ချင်သူလဲ တွေ့ပြီးသွားပြီဆိုတော့ မင်း ဘယ်သွားချင်လဲ၊ ဒီနားမှာတော့ ရွာဦးစေတီ နဲ့ ဟိုဘက်မှာတော့ ကြာကန်ရှိတယ်"

"အင်း ရွာဦးစေတီ အရင်ဖူးပြီးမှ ကြာကန်ဘက်သွားမယ်လေ"

"ဒါက ရွာဦးစေတီလေ၊ တပေါင်းလဆို ဘုရားပွဲရှိတယ်။ အဲ့နေ့ဆို ရွာဦးစေတီကို လုံးတော်ပြည့် ထုံးသင်္ကန်းကပ်ကြတာ။ ရွာထဲရှိ ယောက်ျားလေးတွေအကုန် အဲ့နေ့ဆို လုပ်အားပေးကြရတာ။ မိန်းကလေးတွေကတော့ အစားအသောက်အတွက် ပြင်ဆင်ရတယ်လေ။ ဒီတစ်ခေါက် ဘုရားပွဲတော့ မင်းမီပါတယ်။ အဲ့တာပြီးမှ ပြန်ချင်ပြန်ပေါ့မင်းက"

"အာ မပြန်ချင်သေးပါဘူး။ မင်းနဲ့ တူတူလာပြီး မင်းနဲ့ပဲ တူတူ ပြန်မှာပေါ့ဟ"

"မဟုတ်ပါဘူး မင်းပြန်ချင်ရင် ဘုရားပွဲပြီးမှ ပြန်လို့ပြောတာ။ ငါက နှင်မထုတ်ပါဘူးနော်"

ရွာဦးစေတီရှေ့ထိုင်ကာ ဘုရားဝတ်ပြုဖို့ပြင်လိုက်သည်။ လေလေးတဖြူးဖြူးနဲ့ နေထိုင်ရတာ အလွန်ကောင်းသော နေရာလဲဖြစ်သည်။ ရွာဦးစေတီသည် ရှေးစေတီဖြစ်တာကြောင့် ထုံးတမ်းများကို အခုထိ လက်ဆင့်ကမ်းကာ နေလာကြသည်။ ရွာဦးစေတီဘေးလမ်းကြားလေးကနေ ရှေ့ဘက်သို့ ဆက်သွားလိုက်ပါက ရွာဦး ကြာကန်ကြီး ရှိသည်။ ရွာဦး ကြာကန်ဘေးတွင် ပေါက်နေသော ထနောင်းပင်းကြီးရဲ့ ပင်စည်ကြီးတစ်ခုသည် ကြာကန်ဘက်သို့ ကွေးကာ တည်ရှိနေသည်။ အဲ့ပင်စည်ပေါ်သို့ ထိုင်ကာ ကြာကန်ကို အပေါ်စီးက ကြည့်ရတဲ့ အရသာက ဘာနဲ့မှ မတူပေ။ ကျွန်တောက အမြင့်ကြောက်ပေမယ့် ထိုနေရာတွင်တော့ ထိုင်မိသည်။

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now