Part (8)

174 9 0
                                    

Unicode

ရွာအလှူဆိုတာ သိတဲ့အတိုင်းပဲ ရွာလုံးကျွတ် မီးခိုးတိတ်ဆိုတော့ တစ်ရွာလုံး အလှူမှာ စုနေကြတာပေါ့ဗျာ။ ဒီနေ့ကလဲ အလှူမှာကျွေးမဲ့ဟင်းက ဝက်သားအိုးကြီးချက်၊ ကုလားပဲနှပ်၊ သပြွန်းဟင်းရည်၊ သရက်ချဉ်သုပ်၊ ငရုပ်သီးကြော်နဲ့ဆိုတော့ လွတ် စားကောင်းမှာ မြင်ယောင်သေးဗျာ။ ဒါနဲ့ တွေးမိတာလေးက သူလေးရော ဗိုက်ဆာနေပြီများလားလို့။ သူလေးက စကားတော့ နားထောင်သား အရီးလေးနာပဲ နေတာ ဘယ်မှ မသွားဘူး။ ဒီလိုကျတော့ ပို အချစ်ပိုရရော။ ထမင်းလိုက်၊ ဟင်းလိုက်နဲ့ လုံးလည်ချာလည်လိုက်နေတုန်း အနားရောက်လာတဲ့ သူလေး။ ခေါ်တဲ့နာမည်လေးကြောင့် ဒီက ကောင်က နေ့ချင်းပြန်တောင် သေလိုက်ချင်စမ်းပါရဲ့ဗျာ။

"ကုကု၊ ငါ ငါ ဗိုက်ဆာလို့"

"အွန်း၊ အရမ်းဆာနေပြီလား။ ကျွန်တော်နဲ့ အတူတူစားမယ်လေ။ လာ ဒီဘက်ကို"

လက်ကိုဆွဲပြီး လွှတ်ရာ ခုံဝိုင်းသို့ ခေါ်လာမိသည်။ ဒီကကောင်ကလဲ ဒီကကောင်ပဲ မနက်ကတည်းက ဘာမှ မစားရသေးတာကို သွားမေးမလို့ ပြင်လိုက် လူကျလိုက်နဲ့ မမေးဖြစ်ဘူး။ သူလေးကလဲ ဘယ်လောက်တောင် ဆာနေလဲမသိ။ ကိုယ့်ဆီကို လာပြီးတောင် ပြောရတဲ့ အဖြစ်။ ဒီကလူအပြစ်ပါ ကိုယ့်လူရေ။ နောက်ဆို ပြစ်မထားတော့ပါဘူးဗျ။

"စားကောင်းလားဟင်"

"အင်း။ ကောင်းတယ်။ ဗိုက်ဆာနေလို့လားမသိဘူး"

"ထပ်ထည့်ဦးမလား"

"တော်ပြီ။ ဟိုနှစ်ကောင်လဲ ခုထိမလာသေးဘူး။ လမ်းများ ပျောက်နေသလားဟင်"

"စိတ်ပူလို့လား"

"မဟုတ်ပါဘူး။ ခုထိမလာသေးလို့ပြောတာပါ"

"စိတ်မပူပါနဲ့ ငချာ တစ်ယောက်လုံးရှိနေတာမို့"

"ဟော ပြောရင်း ဆိုရင်း မောင်သက်ရှည်တို့ လာပါပြီဗျာ"

"ထယ်ထယ်၊ မင်း ငါ့ကို မနိုးဘဲ တစ်ယောက်တည်းထွက်သွားတာနော်။ ငါ့မှာ အိပ်ယာနိုးတော့ ဘယ်သူမှမရှိတော့ အားငယ်လိုက်ရတာ။ ဒီကလူကြီးလာလို့ပေါ့ မဟုတ်ရင် ဘယ်လိုလိုက်လာရမှန်းတောင် မသိဘူး"

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now