Unicode
"ဟေ့ ဒီမှာ ၊ ဒီမှာ ၊ မြို့ကြီးသား သတိထားဦးလေဗျာ"
ကျွန်တော်မှာ ဘယ်လောက်ထိ စိုးရိမ်သွားတယ်မှတ်လဲဗျာ။ ခင်ဗျားလေးက မသိပေမယ့် ကျွန်တော်ရင်တွေ ဘယ်လောက်ပူသွားလဲ ကျွန်တော်သာသိတာ။ အခုလဲကြည့်။ မျက်လုံးဝိုင်းလေးနဲ့ ပြန်ကြည့်နေပြန်တဲ့ မြို့ကြီးသား။ ချစ်ဖို့ကောင်းနေတော့ ဘယ်လိုလုပ်ရမလဲဗျာ။
" သတိရပြီလား။ ဘာဖြစ်သွားတာလဲ မှတ်မိလား"
ခန္ဓာကိုယ်လေးလှုပ်ကာ လှုပ်ကာမေးနေတဲ့ သူ့ကိုကြည့်နေတဲ့ မြို့ကြီးသားကို စိတ်မရှည်ချင်တော့ပါ။ ခုထိ စကားတစ်ခွန်းမှ မပြောတော့ ဒီက လူက စိတ်ပူပြီးရင်း ပူနေတော့တာပေါ့။
"ဒီမှာလို့......"
"အွန်း၊ ကျေးဇူးပဲလို့"
ကဲ ကြည့် ပြောနေတာလေးကိုက မျက်လွှာလေးချလို့ တိုးတိုးလေး။ ဘယ်လောက်ချိုသာလိုက်တဲ့ အသံလေးမို့ ကပ်စီးတွေကုတ်နေတာလားဗျာ။ ဒီကလူက အဲ့ထက် ပိုကြားချင်နေတာဗျ။
"မတ်တပ်ရပ်နိုင်လားဟင်၊ မတ်တပ်ရပ်နိုင်ရင် ကျွန်တော့ကို ကိုင်ပြီးရပ်ကြည့်နော်၊ ကျွန်တော် ထိန်းပေးထားမှာမို့ မကြောက်နဲ့နော်"
"အွန်း၊ ရပ် ရပ် နိုင်ပါတယ်၊ ဒါနဲ့လေ ဟိုနားက တစ်ယောက်ရော တွေ့မိလားဟင်"
ကဲ ကြည့် ကိုယ်ကသာ သူ့ကို စိတ်ပူနေတာ။ သူကတော့ သူ့အကောင်ကို စိတ်ပူပြီးမေးနေတာ။ စိတ်တွေက မကြည်လင်တော့ဘူးနော်။ မကြည်လင်တော့ဘူး။
"ယား ထယ်ထယ်၊ ငါ ဘယ်လောက်စိတ်ပူသွားလဲ သိလား။ မင်းကလေ ရေကူးးး"
စကားမပြောရန် မျက်ရိပ်ပြနေသော သူငယ်ချင်းလေးကြောင့် ဘေးကလူကို ကြည့်မိတော့မှ သူ့ဆိုးပေလေးကိုတွေ့သည်။ ရေစိုနေပုံထောက်ရင်တော့ ဒီကောင် ဆင်းကယ်ထားတာနေမယ်။ မကယ်လဲ ဘာမှ ဖြစ်မနေပါဘူး။ သူ့သူငယ်ချင်းက ကျောင်းမှာ ရေကူးချန်ပီယံတောင်ဖြစ်လာသေးတာကို။
ချာကနဲ သူ့သူငယ်ချင်းကို ခေါ်က လှည့်ထွက်သွားသော သူ့ ကျောပြင်လေးကို ကြည့်ရင်း ပြုံးနေမိသည်။ ဒီနေ့က ငထယ်တို့ ထီပေါက်တဲ့နေ့လို့ ပြောရမလားပဲ။ ချစ်ရသူ ရင်ခွင်လေး ဘယ်လောက်နွေးလဲ သိလိုက်ရသည်။ ကျေးဇူးပါ ထနောင်း ပင်စည်ကြီးရေ။
YOU ARE READING
ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)
De Todoတောရွာဓလေ့လေးတွေကို ပေါ့ပေါ့ပါးပါးလေးရေးထားတာပါ။ ပထမဦးဆုံး စရေးသားတဲ့ အရေးသားမို့ သည်းခံပြီးဖတ်ကြည့်ပေးပါ။ ဖတ်ကြည့်ပြီးကလဲ ဝေဖန်ပေးကြပါဦးနော်။