Unicode
"ဟေ့ တက်ခဲ့တော့လေ။ အအေးပက်မယ်ဗျ။ ခင်ဗျားလေး တစ်ခုခုဖြစ်ရင် ကျုပ်ပဲ ရင်ကျိုးရမှာ"
"အင်းပါ။ ခဏလေးတော့ နေပါရစေဦး။ ဒီမှာ ဆော့လို့ကောင်းနေတာကို"
"ရေထဲကတော့ တက်ခဲ့တော့။ ဟိုဘက်က ကမ်းစပ်မှာ ထိုင်ကြမယ်လေနော်"
ချော့ပြောကာ ခေါ်လာခဲ့ရသည်။ ဒီအနှီလူသားလေး တစ်ခုခုဖြစ်ရင်ဆိုတဲ့ စိတ်လေးက စိုးမိုးနေတော့ စိတ်မချတွေဖြစ်ရပြီ။ ခပ်လှမ်းလှမ်းက စမ်းချောင်းဘေး ကမ်းစပ်က ကျောက်ခဲတုံးလေးပေါ်ထိုင်ခိုင်းလိုက်မိသည်။ ကိုယ်ကတော့ သူ့ဘေးတိုးကာ ထိုင်လိုက်တော့ ခန္ဓာကိုယ်လေး ကျုံသွားတဲ့ အနှီလူသားကို အူယားမိသည်။ ဘယ်လိုတောင် ချစ်ဖို့ ကောင်းမှန်းမသိဘူး။ အခုတော့ ကျုပ် ရင်ခွင်နားဝင်မတတ် နီးကပ်နေတဲ့ သူ့ခန္ဓာကိုယ်လေးကြောင့်လဲ ရင်ခုန်သံများ မြန်ဆန်ပြီး အသက်ရှူတောင် ရပ်မိတော့မည်။
"စကားပြောကျမလားဟင်"
"အင်း။ ခင်ဗျားလေးပြောချင်တာ ပြောလေ။ ကျုပ်နားထောင်ပေးပါ့မယ်"
"အဲ့ဆို မေးခွန်းတွေမေးရင်ရော ဖြေပေးမှာလား"
"အွန်း။ မေးကြည့်"
"ချစ်ရမယ့်သူ ရှိပြီလားဟင်"
"အင်းးးး။ အရင်တုန်းကတော့ မရှိဘူးရယ်။ အခုတော့ ရှိပြီထင်တယ်။ သူ့ကိုမမြင်ရရင် မနေနိုင်လောက်အောင်ဖြစ်နေပြီ။ အတူရှိရင်တောင် လွမ်းနေမိတာ။"
"အန်။ အတူရှိရင်တောင် လွမ်းတယ်ဆိုတော့"
"နိုး နိုး နိုး။ ခင်ဗျားလေးထင်နေတဲ့ ငချာ မဟုတ်ဘူးနော်။ အဲ့ကောင်က ဒီတိုင်း သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဗျ"
ပြောလိုက်တဲ့ စကားကြောင့် စဉ်းစားခန်းဖွင့်သွားတဲ့ မျက်နှာလေးက ဆွဲမွချင်စရာ။ သူ့ကို ရည်ရွယ်ပြောတဲ့ စကားတွေကို ဘယ်သူ့ကို အစားထိုးပြီး စဉ်းစားနေလဲတော့ မသိ။ မျက်မှောင်တွေကျုံ့ကာ စဉ်းစားနေပုံထောက်တော့ အတော်ကို သိချင်နေပုံရသည်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ ကျုပ်က ဖွင့်ပြောဖို့ မပြင်ဆင်ရသေးဘူးဗျ။ ကျုပ် ပြင်ဆင်ပြီးချိန်တော့ စောင့်ပေးနော်။
YOU ARE READING
ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)
Randomတောရွာဓလေ့လေးတွေကို ပေါ့ပေါ့ပါးပါးလေးရေးထားတာပါ။ ပထမဦးဆုံး စရေးသားတဲ့ အရေးသားမို့ သည်းခံပြီးဖတ်ကြည့်ပေးပါ။ ဖတ်ကြည့်ပြီးကလဲ ဝေဖန်ပေးကြပါဦးနော်။