Part (15)

139 6 0
                                    

Unicode

မျှော်လင့်နေတဲ့ရက်ကလေး ရောက်လို့လာခဲ့ပြီ။ အလွမ်းကလေးတွေလဲ ပြေတော့မည်။ ချစ်ရသူ မျက်လုံးထဲဝယ် အလှဆုံးဖြစ်ချင်တာကြောင့် အစောထပြီး ရေချိုးကာ ဘာဝတ်ရမလဲ ဘီရိုရှေ့မှာအလုပ်ရှုပ်နေသည်။ အင်း ပြောရရင်တော့ အဝတ်ပုံကြားထဲမှာပေါ့။ အခုထိ ဝတ်ရမယ့်အဝတ်ကို မရွေးရသေးဘူး။ ရှာလို့လဲ မတွေ့နဲ့။ အဲ့တာနဲ့ပဲ လျှောက်ကြည့်ရင်း အညိုရောင်တီရှပ်တစ်ထည်နဲ့ ဂျင်းပျော့ဘောင်းဘီအနက်ရောင်အရှည်လေးအားတွဲ၍ ဝတ်လိုက်တော့သည်။ အပြင်သွားရင် နေပူမှာကြောင့် လက်ရှည်ပါးပါးအဖြူရောင်မှာ အနက်ရောင်အကြားလေးတွေပါတာကို ရွေးဝတ်လိုက်သည်။ အင်း လှတော့ လှမှာပါ။

အခုတော့ သူ့ကို တွေ့ဖို့ ကားဂိတ်ကိုလာခဲ့ပြီ။ ကားလာချိန်ကိုစောင့်နေရင်းပဲ ဆိုက်ရောက်လာသော ကားတစ်စီး။ အဝေးပြေးကားကွင်းထဲမှာ ဘာကားစီးလာမလဲမသိတော့ ဝင်လာသမျှကားကို ငေးကြည့်ကာ ရှာနေမိတာ။ ဟော နောက်တစ်စီးဝင်လာပြန်ပြီ။ ကားထက်က ဆင်းလာနေတဲ့ လူအများကို ငေးကြည့်ရင်း ရှာဖွေနေမိသည်။ ဟော တွေ့လိုက်ရတဲ့ အရိပ်ကလေး။ ဘယ်လောက်နေနေ မှတ်မိနေတာတော့ သိပ်ကို သဘာဝကျနေတော့တာပဲ။ သူတွေ့စေရန် လက်လေးဝှေ့ရမ်းပြလိုက်တော့ အသာပြုံးကာ ကိုယ့်ဆီလျှောက်လာနေတဲ့သူ။ အရမ်းကို ချောမောပြီး ဆွဲဆောင်မှုတွေရှိနေတာ မတွေ့ရတဲ့ အချိန်အတွင်းမှာ အရင်လိုမဟုတ်ဘဲ ရင့်ကျက်မှုတွေပြည့်နေတဲ့ ချစ်ရသူ။ သူ့ဆီကို အလွမ်းတွေနဲ့ ပြေးပွေ့ဖက်ရင်း လွမ်းကြောင်းတွေလဲ ပြောနေမိတာ။

"လွမ်းလိုက်တာ သဲသဲလေးရယ်"

"အစောကြီးထထားတာလား။ ပင်ပန်းတော့မှာပဲ အချစ်ရယ်"

"မပင်ပန်းပါဘူးဗျာ။ ချစ်သူလေးကို မြင်ချင်လွန်းလို့ ညက အိပ်တောင် မပျော်ဘူးရယ်"

"အမလေး အချွဲလေးပဲ ကိုယ့်အချစ်က"

သူ့ဆီက အထုပ်များကို ကူသယ်ပေးပြန်တော့ လေးမှာစိုးလို့တဲ့ သူပဲ အကုန်သယ်ခဲ့တာ။ ကားပေါ် အထုပ်များတင်ပြီးနောက် အဆောင်ကိုပဲ လာခဲ့လိုက်တော့တယ်။ အဆောင်မှူးဆီက ခွင့်တောင်းပြီးသားမို့ အဆင်ပြေလေသည်။ ကားပေါ်တွင်လဲ စကားတပြောပြောနဲ့ ကြည်နူးစရာ အခိုက်အတန့်လေးကို ဖန်တီးနေမိသည်။

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now