Part (14)

120 7 0
                                    

Unicode

ချစ်ရသူ မြို့ကို ရောက်သွားတာ တစ်ပတ်ကြာခဲ့လေပြီ။ ကိုယ်တွေလွမ်းရတယ်ဗျာ။ အခုတော့ ကိုယ်က ရွာထဲ မွှေဖို့နေနေသာသာ လွမ်းလွန်းလို့ အလုပ်တွေသာ ဖိလုပ်နေမိပြီ။ အဲ့လို အလုပ်တွေ ဖိလုပ်ပါများတော့ ရွာထဲကသူတွေက ဘာပြောကြတယ်ထင်တုန်း။ ကျွန်တော်ကတဲ့ ထယ်ယောင်းကြောင့် လိမ္မာလာတာတဲ့။ စဉ်းစားကြည့် ကျွန်တော်က လူဆိုးကြီးမှ မဟုတ်တာကို။ အခုတော့ အဲ့လိုပြောကြတယ်ဆိုပေမယ့်လို့ ကျွန်တော်ကတော့ ကျေနပ်တယ်ဗျ။ သူလေးက ကိုယ့်ကို ပြင်ပေးတဲ့တစ်ဦးတည်းသောသူလေးဆိုတော့ ပျော်မိတယ်လေ။ ကိုယ်ကလဲ သူလေးကို ချစ်တော့ စကားနားထောင်မိရော။ အဲ့တာကို ငချာတို့က ယောက်ျားကြောက်တဲ့လေ။ ပြောပေါ့။ ဂရုကို မစိုက်တာ။ တစ်ခွန်းပဲ ပြန်ပြောလိုက်တယ် အဲ့တာ ကြောက်တာ မဟုတ်ဘူး ချစ်တာလို့။ နော ယောင်းရယ်။ မောင် မင်းကို သိပ်လွမ်းနေပြီဗျ။

ချစ်ရသူလေးဆီက တစ်လကြာမှ ပထမဦးဆုံးရောက်ရှိလာတဲ့ ချစ်သဝဏ်လွှာလေး။ ကျွန်တော်တို့ ရွာကလူတွေများ အရင်တုန်းကဆို နေ့တိုင်းနီးပါး မြို့တက်ကြပြီး အခု ကျွန်တော့်ချစ်သူလေးဆီ စာလေးပို့ချင်တာကို လူကြုံမရှိဘူး။ သွားစရာမရှိကြတဲ့လူတွေချည်းပဲ။ ဟွန်း ယောင်းလာမှ တိုင်ပြမယ်။ အခုတော့ ယောင်းဆီက စာလေးကို ဖွင့်ဖတ်လိုက်ဦးမယ်။

သို့

မောင်

သတိရနေတာ။ ခင်ဗျားကြီးကို လွမ်းတိုင်း စာလုပ်နေမိလို့ အတန်းထဲမှာ အဆင့်တွေတောင်တိုးလာခဲ့ပြီ။ တစ်ခုတော့ ရှိသေးတယ်။ ခင်ဗျားကြီးကို လွမ်းတိုင်း ဂိမ်းဆိုင်ထိုင်ပေမယ့် အဲ့မှာတော့ အဆင့်တွေကျကုန်ပြီ။ သိလား။ ထမင်းလဲ ကောင်းကောင်းစားတယ်။ အအိပ်လဲ ကောင်းကောင်းအိပ်တယ်။ ကျန်းမာရေးလဲ ဂရုစိုက်နေတာမို့ စိတ်မပူနဲ့နော်။ နောက်တစ်ပတ်နေရင် ကျောင်းက ခရီးတိုတစ်ခုထွက်ပေးဖို့ရှိတယ်တဲ့။ အဲ့တာ လိုက်သွားရမှာ။ ဒါပေမယ့် စိတ်မပူပါနဲ့ ယောင်းက ကိုယ့်ကိုယ်ကို ဂရုစိုက်မှာမို့။ မောင်လဲ ကျန်းမာရေး ဂရုစိုက်နော်။ ပြီးတော့ ယောင်းကို သတိရပေး။ ယောင်းက မောင့်ကို အချိန်တိုင်းလွမ်းနေတာမို့။ ပြီးတော့ ချစ်တယ် မောင်။

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now