Part (12)

141 6 0
                                    

Unicode

"သဲသဲလေး"

"ဗျ"

"မနက်ဖြန်ဆို မြို့ပြန်ရတော့မှာနော်"

"ဟင်၊ အင်းးး"

မရောက်ချင်သော နေ့လေးကတော့ ရောက်ရှိလာခဲ့ပြီ။ မတတ်နိုင် တောင့်ခံရုံပေါ့ တစ်နှစ်လေးပါပဲကွာ။

"ဟိုရောက်ရင် ကျန်းမာရေး ဂရုစိုက်နော်။ ကိုယ့်ကိုလဲ သတိရဦး။ လူကြုံရှိရင် စာထည့်ပေးဖို့ မမေ့နဲ့နော်။ ကိုယ်ကတော့ ဒီမှာ ယောင်းစိတ်တိုင်းကျ လိမ်လိမ်မာမာ နေမှာမို့ ကိုယ့်ကိုတော့ စိတ်ချနော်။ ကျောင်းပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့နော်။ ယောင်း ပြန်လာတာနဲ့ မောင်တို့ လက်ထပ်ကြမယ်"

ပြောပြီး လက်နဲ့ ပါးစပ်ကို အမြန်ပိတ်လိုက်မိသည်။ ခေါ်စေချင်ပေမယ့် ခေါ်ပေးဖို့တောင် မတောင်းဆိုရသေးပဲနဲ့ အဲ့နာမ်စားလေး ကို ကိုယ့်ဘက်က ထုတ်ပြောမိတာ။ အင်း အချစ်တွေ အချစ်တွေ ယိုစီးဖိတ်ကျနေတာကို ဘယ်သူမှ မတားနိုင်တာ။ ချစ်တယ် ယောင်းရယ်။ မောင် မင်းကို မခွဲချင်သေးဘူး။ တိုက်တိုက်ဆိုင်ဆိုင် ယောင်းပြန်မယ့်နေ့က မောင်တို့ ချစ်သူသက်တမ်း (၃) လပြည့်နေ့ဖြစ်နေပါရောလား။ ယောင်းရော မှတ်ထားရဲ့လားမသိပေမယ့် မောင်ကတော့ မှတ်ထားတယ်။

မျက်နှာလေး ညှိုးငယ်သွားတဲ့ ချစ်ရသူလေးကို ဘယ်လိုစိတ်နဲ့ ထားခဲ့နိုင်မှာလဲ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ ဘွဲ့ရဖို့အတွက် ရုန်းကန်ပေးနေတဲ့ အမေ့ကို စဉ်းစားပြီးတော့ ကျောင်းပြီးအောင်တော့ တတ်ရမှာပေါ့။ ယောင်း မှတ်မိပါတယ် မောင်ရယ် မနက်ဖြန် ဘာနေ့လဲဆိုတာ။ မောင် သိနေတာလဲ ယောင်း သိပါတယ်။ မောင့်ကို ဒီတစ်ခါပဲ ခံစားစေမှာမို့ ယောင်းကို ခွင့်လွှတ်ပေးနော်။ ကျောင်းပြီးတာနဲ့ မောင့်ရင်ခွင်မှာခိုပြီး မောင့်နားမှာပဲ တစ်သက်လုံး အေးတူပူမျှနေသွားမှာမို့လေ။

"လာ ယောင်း။ ဒီနေ့တော့ ဘယ်မှ မသွားဘဲ မောင့်တို့ အိမ်က ဇီဇဝါခင်းထဲက ကွတ်ပျစ်တဲလေးထဲမှာပဲ စကားပြောကြမယ်နော်"

လက်ဆွဲကာ ခေါ်သွားသော ချစ်ရသူနောက်လိုက်လာမိသည်။ သို့သော် တွေ့လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်မိသွားသည်။ ဝမ်းနည်းပက်လက် မျက်ရည်လည်ရွှဲဖြင့် ငချာရင်ခွင်ထဲ ငိုနေသော အင်ယော့။

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now