Part (5)

207 12 0
                                    


Unicode

"ဟေ့ကောင် အင်ယော့၊ ငါ ဆိုးပေအိမ်သွားမလို့ လိုက်ဦးမလား"

"အာ လိုက်မှာပေါ့၊ မင်းဘယ်သွားသွားငါက လိုက်မှာပဲ"

ဒီချိန် ဆိုးပေလေးက ရှိချင်မှ ရှိမှာဆိုပေမယ့် တွေ့ချင်နေတော့လဲ သွားရဦးမှာပေါ့လေ။ ရွာလမ်းတစ်လျှောက် လျှောက်လာရင်းက တွေ့လိုက်ရတဲ့ နှစ်ထပ်အိမ်ကြီး အိမ်ကောင်းက သူရဲ့နှစ်ယောက်မရှိ ဆိုးပေဖခင် သူကြီး နမ်ဂျွန်းအိမ်ဆိုတာ မြေကြီးလက်ခတ်မလွှဲပေ။ အိမ်ရှေ့စိုက်ထားသော ဇီဇဝါပင်ရုံကြီးတွေက ဖွေးသန့်ကာ လှနေတော့သည်။ ဖြတ်လမ်းတစ်လျှောက် လှမ်းလာတိုင်း ဇီဇဝါအနံ့လေးက သင်းနေတော့တာ။ ဟော ကွတ်ပျစ်မှာထိုင်နေသော သူကြီး နမ်ဂျွန်းက သူတို့ မြင်၍ အပြုံးတစ်ပွင့်ဖြင့် ကြိုဆိုသည်။

"သူကြီး နေကောင်းလားဗျ"

"ကောင်းပါ့ အမောင် ထယ်ယောင်းရေ။ ကောင်းပါ့ဗျာ။ ဒါနဲ့ ဘယ်ကိုလှည့်လာတာတုန်း"

"ဒီကိုပဲ လာတာပါ သူကြီး။ မနေ့တုန်းက ရွာဦး ကြာကန်ထဲ ပြုတ်ကျလို့ ကုကုက ကူညီပေးထားလို့ ကျေးဇူးတင်စကားပြောမလို့ လာခဲ့တာပါ သူကြီး။ ဒါနဲ့ ကုကုရော မရှိဘူးလားဗျ"

"အမလေး မင်းညီက ရွာတောင်ပိုင်းက အလှူမှ သွားကူနေတာလေ။ ဒီနေ့တော့ ပြန်ရောက်မှာပါ။ ဒါနဲ့ သူလေးက ဘယ်သူလဲ မင်း ရည်းစားလားဟေ"

"မဟုတ်တာ သူကြီးကလဲ။ အဲ့တာ မြို့ပေါ် ကျောင်းသွားတတ်တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းပါ။ အခုက ရွာအလည်မရောက်ဘူးလို့တဲ့ အလည်လိုက်လာတာ"

"ဟုတ်ကဲ့။ ကျွန်တော့်နာမည် ဟွာအင်ယော့ပါ ခင်ဗျ"

"အေးကွယ် ရွာကို လာလည်တဲ့ ဧည့်သည်ဆိုတော့ ဧည့်ဝတ်ကျေရမှာပေါ့ကွာ။ အကူညီလိုလဲ ပြောလေ လူလေး။ ရွာထဲလဲ စုံပြီလားကွ လည်ရတာ။"

"ဟုတ် စုံသင့်သလောက်တော့ စုံပါတယ် သူကြီး၊ ကျွန်တော်ကလေ ဒီရွာဘုရားပွဲကို မျှော်လင့်နေတာဗျ။ ဒီကောင်ကြီးက အရမ်းညွှန်းထားလို့လေ"

"ဟုတ်တယ် လူလေးရေ သိပ်ပျော်စရာကောင်းတဲ့ အချိန်ပေါ့ကွာ။ အဲ့အချိန်က"

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now