Part (1)

730 31 0
                                    


Unicode

ငကုလို့ ပြောလိုက်ရင် တစ်ရွာလုံးက ကြောက်ရတယ်။ ကြောက်ရတယ်ပြောလို့ လူဆိုး၊ လူမိုက်ကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်က နည်းနည်းလေးမွှေတတ်တဲ့ တစ်ရွာလုံးရဲ့ အမွှေစိန်လေးတစ်ယောက်ဖြစ်ရုံလေးပါ။ ဒါပေမယ့်ဗျာ ရွာသူ၊ ရွာသားတွေက ကျွန်တော် မွှေတာကို မကြိုက်ကြဘူးဗျ။ အဲ ရွာသူ၊ ရွာသားတင်လားဆိုတော့လဲ မဟုတ်ပြန်ဘူး။ ကျွန်တော့် အဖေ သူကြီးလဲ မကြိုက်ဘူးရယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဂရုမစိုက်ဘဲ မွှေမြဲ မွှေဆဲပါပဲဗျာ။ တစ်နေ့တော့ ကျွန်တော့်ကို မမွှေအောင် ထိန်းပေးနိုင်မယ့်သူ ပေါ်လာဖို့ပဲ ဆုတောင်းရမယ်။ ကျွန်တော်က မမွှေဘဲ မနေနိုင်သူမို့လေ။

" ဟေ့ ငကုရေ၊ ငကု"

"အေး၊ မင်းဖေ ဒီဘက်အနောက်ဘက်မှာဟေ့"

သူငယ်ချင်းလေး ငချာ (ချာဝူးနူ) ရဲ့ အသံကြောင့် လှမ်းထူးပြီး ရှိရာ အရပ်ကို ပြောပေးလိုက်သည်။

" ဟာ ဟေ့ကောင် စောစောစီးစီး ဘာလုပ်မလို့လဲ"

"ဘာမှ မလုပ်ပါဘူးကွာ၊ ရွာဦးကျောင်းသွားပြီး သွေးပူလေ့ကျင့်ဖို့ လုပ်နေတာ"

"ရွာဦးကျောင်း ဆရာတော်အကြောင်းလဲ မသိတာကြလို့၊ သူ့ငါးတွေ ဖမ်းရင် မင်းအဖေ သူကြီးလဲ မကယ်နိုင်ဘူးနော်"

" မသိရင် ပြီးတာပဲကွာ၊ မသိအောင်လုပ်မှာပေါ့၊ သိသွားလဲ မတတ်နိုင်ဘူးပေါ့ကွာ။ ဒါနဲ့ မင်းလိုက်မှာလား? မလိုက်ဘူးလား၊ ဒါပဲပြော"

"ဟ သူငယ်ချင်းလေး နှစ်ယောက်ရှိတာကို နိဗ္ဗာန်သွားလဲ တူတူ၊ ငရဲသွားလဲ တူတူပေါ့ကွ၊ လိုက်မယ်၊ လိုက်မယ်"

"အေး အဲ့ဆို သွားစို့"

...............................................................................................................................................................................................

ကျောင်းတွေပိတ်ပြီဆိုတော့ ဌာနေကိုပြန်ရတော့မှာပေါ့။ အင်း လွမ်းလိုက်တာ အမေရယ်။ သတိရမိတယ်။ အခုတော့ ကျောင်းပိတ်ပြီဆိုတော့ အမေ့ရင်ခွင် စုန်ပစ်ပြီး ချွဲနွဲ့ကာ အလွမ်းတွေ ဖြေရမယ်။

"ဟေ့ ဒီတစ်ခေါက် ရွာပြန်ရင် ငါလိုက်မှာနော်"

ရွာအကြောင်းဖောက်သည်ချထားတော့ ရွာကိုလိုက်ချင်နေသော တစ်ခုတည်းသော သူငယ်ချင်းလေး အင်ယော့။ မခေါ်လဲ ရရာနေရာကနေလိုက်မယ့် သူ့လိုကောင်ကို အချိန်ကုန်ခံပြီး ပြောမနေတော့ပါ။ ရွာကိုပြန်ရောက်ရင်တော့ ငဆိုးလေး ဘယ်လောက်တောင်ဆိုးနေလဲဆိုတာသိရတော့မှာပဲ။

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now