Unicode
လက်လေးကိုဆွဲကာ ခြံနောက်ဘက်က ကွတ်ပျစ်လေးပေါ်သို့ ခေါ်လာခဲ့မိသည်။ ချစ်ဖို့ကောင်းတဲ့ ကောင်လေးက သူခေါ်ရာသို့ မရုန်းမကန်နဲ့ လိုက်လာခဲ့သည်က ပို၍များ ချစ်ဖို့ကောင်းနေသယောင်။ ကွတ်ပျစ်ပေါ်သို့ တင်ပလွှဲလေးထိုင်နေသော အနှီကောင်လေးမှာ ခုထိ သူ့အားမကြည့်လာသလို စကားတစ်ခွန်းမှလဲ ထွက်မလာပေ။ အချိန်အတန်ကြာ ထိုအတိုင်းထိုင်နေရာမှ မော့ကြည့်လာသော လူသားလေးအား မျက်လုံးချင်းဆုံတော့ မျက်စပစ်ပြလိုက်သည်။
"ကျေး ကျေးဇူးတင်ပါတယ်"
"ဒါလေးပြောဖို့ အရေးကို သိပ်ကို စောင့်ရတာပဲ မြို့ကြီးသားရာ။ အခုရော နေရတာ အဆင်ပြေရဲ့လား"
"ပြေပါတယ်။ နောက်ပြီး တကယ်ကို ထပ်ပြီး ကျေးဇူးတင်ပါတယ်"
"မနက် ရွာတောင်ပိုင်းက အလှူကို သွားဦးမှာလား"
"အင်း သွားဖြစ်မှာ အမေ့ကိုလဲ ဖိတ်ထားတာမို့။ ပြီးတော့ ဧည့်သည်လဲ ရွာဓလေ့ကို လိုက်ပြချင်လို့"
"အဲ့ဆို ကျွန်တော်နဲ့ အတူသွားမလား"
တအံ့တဩမော့ကြည့်လာသော မျက်နှာနုနုလေး၊ ဝိုင်းစက်နေသော မျက်ဝန်းလေးကို စိုက်ကြည့်ပေးလိုက်တော့ မျက်နှာလွှဲသွားသော မြို့ကြီးသား။ မျက်လုံးလေး ဆုံဖို့အရေးကို အရင်က ကြောက်သလောက် အခုတော့ မကြည့်ဘဲ မနေနိုင်တော့ပေ။ ဒီမျက်ဝန်းလေးတွေက သူ့ကို မကြည့်ဘဲ မနေနိုင်အောင် အရမ်းကို ပြုစား ညှို့ယူလွန်းတယ်။ အတန်ကြာ စကားသံ ထွက်မလာသောကြောင့် စိတ်မရှည်ဘဲ မေ့ဖျားလေးကနေ ကိုင်က မျက်နှာလေးကိုမော့ယူပစ်လိုက်သည်။
"အတူသွားမလးလို့မေးနေတာလေးတော့ အဖြေလေးပြန်ပါဦးလား မြို့ကြီးသားရယ်"
"ထယ်ထယ် ကိုယ်ပြီးပြီနော်"
သာသနာလာဖျက်သော အမျိုးယုတ်ရဲ့ အသံကြောင့် တွန့်ခနဲဖြစ်ကာ မေးဖျားလေးက ရုန်းထွက်သွားသော အနှီလူသားလေး။ ဟိုကောင် ဒီလောက် နွားချီးနဲ့ မိတ်ဆက်ပေးထားတာကို အသိတရားမရသေးဘူးနော်။ တွေ့ဦးမယ်နော် မင်းတော့။
YOU ARE READING
ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)
Randomတောရွာဓလေ့လေးတွေကို ပေါ့ပေါ့ပါးပါးလေးရေးထားတာပါ။ ပထမဦးဆုံး စရေးသားတဲ့ အရေးသားမို့ သည်းခံပြီးဖတ်ကြည့်ပေးပါ။ ဖတ်ကြည့်ပြီးကလဲ ဝေဖန်ပေးကြပါဦးနော်။