Part (7)

181 11 0
                                    

Unicode

နေရောင်ခြည် နုနုလေး ဖြာကျနေသော မနက်ခင်းလေးမှာ တေးငှက်တို့၏ တွန်ကျူးသံများနှင့်အတူ ပွင့်လာသော မျက်ဝန်းတစ်စုံ။ အပြုံးနုလေး ဆင်မြန်းရင် မနေ့က မက်ခဲ့သော အိမ်မက်လေးကြောင့် အရမ်းကို စိတ်တွေ အဆင်ပြေနေလေသည်။ အိမ်မက်ထဲက အတိုင်းလဲ မြို့ကြီးသားနဲ့ ချစ်သူများဖြစ်ချင်နေမိသည်။

ဒီနေ့ ရွာတောင်ပိုင်းက အလှူကိုသွားရန် ချစ်ရသူလေးကို သွားခေါ်ရမည်။ ခုထိ ငချာတို့က မရောက်လာသေး။ ဒီလောက် သေချာမှာလိုက်တာကို နောက်ကျနေသေးကြောင့် မစောင့်ဘဲ ချစ်ရသူ အိမ်သို့ ထွက်လာခဲ့သည်။ အိမ်ရှေ့ အရောက် တွေ့လိုက်ရသော ချစ်ရသူလေးက စူပုတ်နေလေရဲ့။ ဘာကိုများ အလိုမကျဖြစ်နေတာပါလိမ့်။

"ဘာတွေကို စူပုတ်နေတာလဲ မြို့ကြီးသားရဲ့။ ကျွန်တော်လဲ နောက်မကျပါဘူးနော်"

"နောက်မကျပါဘူး။ ဟိုကောင် အင်ယော့ပေါ့ မနက်သွားပါမယ်ဆိုတာကို ခုထိ မထသေးဘူး။ အမေက မနေ့တည်းက သွားပြီ"

"အဲ့ဆိုလဲ စောင့်မနေနဲ့လေ ငချာနဲ့ အတူ လာခိုင်းလိုက်မယ်"

"ဒါပေမယ့် သူက ဧည့်သည်လေ။ ငါက ငါက"

"ကဲပါ လာ။ လမ်းမှာ ငချာနဲ့တွေ့ရင် ငချာကို ခေါ်ခိုင်းလိုက်မယ်။ မဟုတ်ရင် နေပူနေလိမ့်မယ်"

"အင်းပါ"

ဆွဲခေါ်ရာကို ဆူပုတ်ပုတ်လေးနဲ့ ပါလာတဲ့ မြို့ကြီးသားလေးက ကလေးတစ်ယောက်နှယ်။ အရမ်းချစ်ဖို့ကောင်းနေတော့တာ။

"မြို့ကြီးသား"

ခေါ်သံကြောင့် လှည့်ကြည့်လာသော ကျွန်တော်ရဲ့ချစ်ရသူလေး။ ပုံစံက ဆူပုတ်နေပေမယ့် ကျွန်တော်ပြောမယ့် စကားကိုတော့ ဂရုတစိုက်နဲ့ အာရုံစိုက်နေပေးသည်။

"ဘယ်နေ့ ပြန်မှာလဲဟင်"

"ကျောင်းဖွင့်ဖို့က လိုသေးတယ်။ တပေါင်းဘုရားပွဲပြီးမှ ပြန်ဖြစ်လောက်မှာ။ အဲ့ချိန်ဆို ဟိုမှာလဲ ကျောင်းဖွင့်ပြီလေ"

"ကျောင်းက အများကြီးတက်ရဦးမှာလားဟင်"

"အခု တက်ရမဲ့ တစ်နှစ်ပြီးရင်တော့ ဘွဲ့ရပါပြီ"

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now