Part (13)

132 6 0
                                    

Unicode

မနက်ဖြန်ရောက်လာတော့ ခွဲခွာရဦးမည်ဆိုတဲ့ စိတ်ကြောင့် ပျော်ရွှင်မှုများပျောက်သုဉ်းနေသည်။ အဝတ်အစားထည့်ထား သော အထုတ်လေးအားဆွဲကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ဧည့်ခန်းထဲ ထိုင်နေသော မာတာမိခင်ကြီး ဦးချကန်တော့လျက် အမေမှာတမ်းချွေသမျှ မျက်ရည်လေးဝေ့ကာ နားထောင်နေမိသည်။ စိတ်ချဖို့ တဖွဖွပြောရင်း အိတ်လေးလွယ်ကာ အင်ယော့နဲ့ အတူတူ အိမ်ပြင်သို့ ထွက်လာလိုက်တော့ တွေ့လိုက်ရတဲ့ ချစ်ရသူ နဲ့ သူ့သူငယ်ချင်းလေး။ နှစ်ယောက်လုံး မျက်နှာမကောင်းကြ ပေ။ ဘယ်ကောင်းပါ့မလဲ ချစ်ရသူတွေနဲ့ ခဏတာ ဝေးကွာကြမှာဆိုတော့လေ။

ယောင်းလက်ထဲက အထုတ်လေးအား ဆွဲယူလိုက်တော့ လက်မောင်းလေးကို လာချိတ်တဲ့ လက်ဖဝါးနုနုလေးကြောင့် မျက်ရည်များပင် ဝဲမိသည်။ ထိုလက်ဖဝါးလေးအား ဆုပ်ကိုင်လိုက်မိသည်။ ဟိုဘက်ကို ကြည့်မိတော့ မျက်ရည်များဖြင့် နှုတ်ဆက်နေသော ဟိုအကောင်တို့အတွဲ။ ကားဂိတ်ကို လိုက်ပို့မှာမို့ ရှေ့ကနေဦးဆောင်ကာ ချစ်ရသူလက်လေးဆုပ်ကိုင်ရင်း ထွက်လာလိုက်သည်။ ကားဂိတ်ရောက်တော့လဲ ဘာမှမပြောနိုင်ဘဲ ချစ်ရသူလက်လေးဆုပ်ကိုင်ရင်း မျက်နှာလှလှလေးအား မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်။

"မောင်၊ ယောင်း စိတ်ချမယ်နော်။ ယောင်းကိုလဲ စိတ်မပူနဲ့။ ယောင်းက မောင်စိတ်ပူအောင် မလုပ်ဘူးဆိုတာ ယုံတယ်မလားဟင်။ စာတွေလဲ အချိန်မှန်မှန် ရေးပို့ပေးမယ်နော်။"

"အင်းပါ။ မောင် သိပါတယ်။ မောင် ယောင်းလေးက မောင် စိတ်ပူအောင် မလုပ်ဘူးဆိုတာ။ စာကို ကြိုးစားနော်။ နောက်ထပ်မဝေးချင်တာမို့။ သိတယ်မလား မောင် ယောင်းကိုချစ်တာ"

"အွန်း"

ရင်ခွင်ထဲ ချစ်ရသူကို ထားရင်း တစ်နှစ်တာ အလွမ်းများကို ဖြေနေမိသည်။ ကားထွက်တော့မယ်လို့ အော်ပြောလေတော့ ချစ်ရသူက ရင်ခွင်ထဲက ထွက်ကာ နဖူးလေးက အကြင်နာပေးသောကြောင့် ပြောမပြတတ်အောင် ကြည်နူးရပေမယ့် ခပ်ယဲ့ယဲ့လေးသာ ပြုံးပြမိသည်။ ကိုယ်ကလဲ ချစ်ရသူအား နှုတ်ဆက်အနမ်းအဖြစ် နဖူးနဲ့ပါးမို့လေးပေါ် လက်ဆောင်ပေးလိုက်မိ သည်။ ချစ်တယ် ယောင်း အဲ့ကြောင့်မို့ မောင်တို့ နောက်ဆို မခွဲတော့ဘူးနော်။

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now