Part (11)

138 6 0
                                    

Unicode

ညနေစောင်း နေဝင်ခါစ အချိန်မို့ ကောင်းကင်ကြီးက အရမ်းကို လှပနေသည်။ ထို့ထက် မျက်စိရှေ့တွင်ရှိသော ချစ်ရသူလေးက ပိုမိုလှပနေသည်။ ချစ်သူနှင့်အတူ ပွဲဈေးလျှောက်ရန် ချစ်သူလက်ကိုဆွဲ၍ ထွက်လာခဲ့သည်။ ထို့နောက် တွေ့ရသော ဘုရားပွဲဈေးတန်းကြီးမှာ ရောင်စုံများဖြင့် လှပနေတော့သည်။ ဘောလုံးဖောက်ရန် မြူစွယ်နေသော ဈေးသည်များ၊ မုန့်လင်မယားသည်များ၊ အညာမုန့်သည်များ၊ ကလေးကစားစရာ အရုပ်သည်များ၊ ကလေးစီးချားရဟတ်များ၊ လူကြီးစီး ပင်လယ်ဓားမြများဖြင့် ပြည့်နှက်နေသော ပွဲဈေးမှာ အလွန်စည်းကားလှသည်။

"သဲသဲလေး"

"ဗျာ"

"အဲ့တာ စားချင်တယ်"

ရောင်စုံမှုန့်လေးများကို အိုးပူထဲထည့်ကာ တုတ်ချောင်းရှည်ရှည်ဖြင့် လှည့်ကာ ပတ်ကာ ပုံသဏ္ဍာန်အစုံ ပြုလုပ်နေသာ အရာကို လက်ညိုးညွန့်ပြလေသည်။

"အွန်း၊ ဝယ်ကျွေးမယ်၊ ဒါပေမယ့် နဲနဲပဲစားနော်၊ အဲ့တာက အများကြီးစားရင် ချောင်းဆိုးမယ်"

"အင်းပါ၊ တူတူစားမယ်လေ၊ တစ်ခုပဲ ဝယ်ပေးနော်"

"အိုခေ"

"ဦးလေး အာတာပူစီတစ်ခုပေးပါ။ ဘယ်အရောင်လိုချင်လဲ အချစ်"

"ပန်းရောင်လေးကို ခရမ်းနုရောင်လေးဘေးက ကွတ်ထားတဲ့ဟာလေး"

"ဒါလေးပေးပါ ဦးလေး"

ကျသင့်သလောက် ငွေအား ဈေးသည်အားထုတ်ပေးပြီးလှည့်အကြည့် ပျော်ရွှင်နေသော ချစ်ရသူမျက်နှာက ဘာနဲ့မှ မလဲနိုင်ပါ။

"သဲသဲလေး စားကြည့်။ လျှာပေါ်ရောက်တာနဲ့ ပျောက်သွားရော။ အရမ်းတော့ ချိုတယ်"

"အင်း။ ဟုတ်သားဗျ။ လျှာပေါ်ရောက်တာနဲ့ ပျောက်သွားရော"

လိုချင်တာ စားချင်တာများ ဝယ်ကျွေးပြီးနောက် ရောက်ရှိလာသော ပင်လယ်ဓားမြရှိရာနေရာ။ အမြင့်ကြောက်ပေမယ့် စီးချင်နေသော ချစ်ရသူလေးက အားပေးရင်း လက်မှတ်ဝယ်လိုက်သည်။

"ကိုယ့်ကိုပဲ ကြည့်နော်။ ဘယ်မှ မကြည့်နဲ့"

အသာယာ ခေါင်းလေးငြိမ့်ပြကာ ဘေးနားသို့ ဝင်ထိုင်တဲ့ ချစ်ရသူ။ လက်ကလေးကို အားပေးသလိုဖြင့် တင်းနေအောင်ကိုင်ထား ပေးတော့ ပြုံးပြသေးတာ။ နောက်တော့ အမြင့်ကြောက်တာ သူမဟုတ်တဲ့အတိုင်း ပျော်ရွှင်နေတဲ့ ချစ်ရသူလေး။ ချစ်ရသူ စိတ်တိုင်းကျ ဆော့ကစားပေးပြီး အိမ်ပြန်လမ်းသို့ မြန်းကြရသည်။ ပြန်ချိန်ဟာ တော့်ကို မှောင်နေရောပေါ့။ ရွာထဲဝင်လာတဲ့ လမ်းတစ်လျှောက် တိတ်ဆိတ်လို့နေသည်။ အသက်အရွယ်ကြီးသူများကလဲ ဒီချိန်ဆိုအိပ်၊ လူငယ်များကလဲ မိုးလင်းထိ ဆိုင်းပွဲကြည့်ဖို့သွားကြမှာဆိုတော့ တိတ်ဆိတ်နေတာတော့ မဆန်းဘူးပေါ့။ ဆန်းနေတာက ကျွန်တော် ရင်ခုန်သံတွေ အရမ်းကို မြန်ဆန်နေပြီ။ ဘေးက ချစ်ရသူကို ကြည့်တော့ ပုံမှန်အတိုင်း ကိုယ့်လက်လေးတွဲကာလမ်းလေးလျှောက်လို့ လိုက်လာသည်။ ရွာအဝင်ထိပ်က တံတားပေါ်ရောက်တော့ ရပ်လိုက်မိတော့ မျက်လုံးအဝိုင်းသားလေး လှည့်ကြည့်တဲ့ မျက်နှာလေး၊ အဲ့မျက်နှာလေးနား အသာယာတိုးကာသွားလိုက်တော့ လက်ကို တင်းတင်းဆုပ်ကိုင်ကာ မျက်လုံးလေးမှိတ်သွားလေရဲ့။ ကျွန်တော်ဟာ ဘာကိုမှ မစဉ်းစားနိုင်ပဲ နမ်းမိသွားတဲ့ သူ့နှုတ်ခမ်းပါလေး။ အသက်ရှူကျပ်လို့ထင်ပါ့ ပုခုံးလေးက အားပါပါလေး တွန်းဖယ်လာတော့ ဖယ်ပေးမိသည်။ ထို့နောက် ပြန်လည်ဦးမမော့လာတဲ့ မျက်နှာလေးကို ဆွဲယူကြည့်တော့ စတော်ဘယ်ရီခင်းရောက်နေသလို့ ရဲရဲနီလို့။ ရှက်နေတဲ့ မျက်နှာလေးက ချစ်စရာလေး။ ထို့နောက် တဖန် လက်လေးဆွဲက အိမ်ကိုလိုက်ပို့လိုက်သည်။ အိမ်ရောက်တော့ လှည့်တောင်မကြည့်ပဲ အိမ်ထဲဝင်သွားတဲ့ အချစ်လေး။ ဒီနေ့တော့ ရင်ခုန်သံတွေနဲ့ အမှတ်တရ ညလေးဖြစ်နေခဲ့တော့တာ။ ဒီညတော့ အိမ်မက်တွေလဲ လှပနေတော့မှာ အမှန်ပါပဲ။

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now