တစ်ပေါက်ပေါက်ကျနေသောမိုးစက်တို့ကြောင့် ပလတ်စတစ်ဖိုင်အိတ်လေးအား ခေါင်းပေါ်တွင် မိုးကာ ပြေးလိုက်သည်။ကြိုတင်အသိပေးခြင်းမရှိပဲ ရွာလိုက်သောမိုးကြောင့် ထီးပင် မယူခဲ့လိုက်ရ။အနက်ရောင်ကတ္တီပါဖိနပ်လေးမှာ မိုးရေတို့ ရွှဲရွှဲစိုနေသဖြင့် လမ်းလျှောက်ရခက်လှ၏။
"ကျူရှင်ကပြန်လာတာလား"
ရင်းနှီးလှသော အသံကြောင့် ပြေးနေသောခြေလှမ်းတို့ရပ်သွားသည်။အနောက်သို့လှည့်ကြည့်စဉ် မိုးပြာရောင် ထီးကို ဆောင်းထား၍ နောက်လက်တစ်ဖက်မှ အပြာရင့်ရောင် ခေါက်ထီးလေးအား ကိုင်ထားသည့် သူမ၏အသစ်စက်စက်ရည်းစား သမိုင်းမာန်။
"ကိုင်ထားတဲ့ အိတ်တစ်ခုလုံးကိုတောင် မမြင်ဘူးလား။လောလောဆယ်နင်နဲ့ စကားဆက်ပြောနေရင် ငါအအေးပတ်ပြီးသေလိမ့်မယ်။"
ပြောပြောဆိုဆိုနှင့် သူမပြန်လှည့်ကာ ဆက်သွားရန်ပြင်စဉ်
"နေပါဦးဟ....။နင့်ကိုထီးပေးမလို့စောင့်နေတာ။ဒေါသအိုးလေးရဲ့။"
သူကမ်းပေးလာသောထီးကိုယူ၍ ဖွင့်ဆောင်းလိုက်ပြီး ကျေးဇူးစကားပင် မပြောဖြစ်ပဲထွက်လာခဲ့သည်။မူလတန်းကတည်းက ရင်းနှီးခဲ့သော မာန်သည် သူမထက်ပြည့်စုံသာလွန်လှ၏။
သော့မခတ်ထားသော သံတံခါးကိုဖွင့်ကာ ခြံထဲသို့ဝင်ခဲ့၏။လှေကားထစ်သုံးထစ်မျှ တက်ပြီးချိန်တွင် ဝရန်တာထောင့်၌ ထီးကို ရေစစ်စေရန် ဖွင့်ထားလိုက်သည်။ရေစိုနေသော ဖိနပ်အုတ်ခုံပေါ်တွင် ထောင်ထားလိုက်ကာ အခန်းတွင်းသို့မြန်မြန်ဝတ်၍ အဝတ်စားလဲလိုက်၏။သူမက နည်းနည်းလေးမိုးမိလျှင်ကို အသည်းအသန်ဖျားတက်တာမဟုတ်လား။မာန်၏ထီးနှင့် အိတ်ကျေးဇူးကြောင့် ခေါင်းသိပ်မစိုပါချေ။"မိုးမမိဘူးမလ သမီး"
"နည်းနည်းတော့မိတယ်ကြီးကြီး။အခုပဲ အဝတ်စားလဲထားတာ။ဟင်းတွေဘာတွေ ချက်စရာလိုသေးလားကြီးကြီး"
အဝတ်ထိုင်ခေါက်နေသော အဒေါ်ဖြစ်သူနားတွင် ထိုင်ကာ ချိတ်ဖြုတ်စရာရှိသည်များကို ဖြုတ်ပေးရင်း ကူခေါက်လိုက်သည်။မိဘနှစ်ပါးလုံး မရှိတော့သည့်နောက်တွင် မေမေ၏ အစ်မ၊ကြီးကြီးကသာ သူမကို စောင့်ရှောက်ပေးခဲ့သည်မို့ သံယောဇဉ်တွယ်မိပါ၏။
"မလိုပါဘူးကွယ်။မနက်ကပဲ အကုန်ကျက်ပြီ။သမီးသာ သွားနားချင်နားချည်။ထားခဲ့လိုက်။"
"ရပါတယ်ကြီးကြီးရဲ့။အဝတ်ခေါက်တာလောက်ကတော့ ငွေကူညီပါရစေ။တစ်နေကုန် ဆိုင်သွားလိုက် အိမ်အလုပ်တွေလုပ်လိုက်နဲ့ တကယ်တမ်းဆို ကြီးကြီးကတောင် နားရဦးမှာ"
"နားတော့မနားပါရစေနဲ့ရှင်။နားလိုက်တာနဲ့ ဟိုနားကနာသလို ၊ ဒီနားက နာသလိုနဲ့။မနေတက်ပါဘူးကွယ်"
ကြီးကြီးက မျက်နှာနဲ့ ဟန်ပန်လုပ်ပြတော့ သူမက မရယ်ပဲမနေနိုင်။အနည်းငယ်ဝသောသူမို့ လှုပ်လိုက်ရင်ကို ပစ်တိုင်းထောင်လိုပြည့်ကာ အသားဖွေးသော ကြီးကြီးသည် မျက်မှန်ထူထူကို အမြဲတက်ကာ သနပ်ခါးကို ကျားနေအောင် လိမ်းတက်၏။
"ဪ....။စောနလေးကပဲ မမသီတာ ဖုန်းဆက်တယ်။သမီးစာမေးပွဲပြရင် ရန်ကုန်ကို ပို့လိုက်ပါတဲ့။သူတို့ခေါ်ထားမယ်လို့ပြောတယ်"
ခေါက်ပြီးသားအဝတ်စားတွေကို သေတ္တာထဲတွင် သေသပ်စွာစီနေရင်း သူမစိတ်တို့နွမ်းလျသွားရ၏။ဆိုင်တစ်ဖက်၊အိမ်တစ်ဖက်နဲ့ ကြီးကြီးကို တစ်ယောက်တည်းထားပြီးဘယ်မှမသွားချင်ပါ။တင့်တယ်ပြည့်စုံသော ဖေဖေ၏ အသိုင်းအဝိုင်းသည် သူမကို ကြည်ဖြူပါ့မလား။တစ်ခါမှ မရောက်ဖူးသည့်နေရာနှင့် မရေရာသည့်ဆွေမျိုးများကို ယုံကြည်မှုမရှိပါလေ။"သမီးလည်း ဒီတစ်ခေါက်စာမေးပွဲပြီးရင် အောင်စာရင်းစောင့်ရုံပဲလေ။အဲဒါပြီးတာနဲ့ ဟိုမှာ တက္ကသိုလ် ဆက်တက်ပေါ့။"
"ဒီမှာပဲ တက်လို့မရဘူးလားကြီးကြီးရယ်။ငွေ အဲဒီကို မသွားချင်ဘူး"
ကြီးကြီးရင်ခွင်ထဲမှာ မျက်နှာအပ်ကာ ဆိုလေတော့ သူမခေါင်းလေးကို ဖွဖွပုတ်ကာ
"မသွားချင်လို့မရဘူးလေ သမီးရဲ့။သမီးအသက် (၂)နှစ်လောက်ကတည်းက မရောက်ဖြစ်တော့တာ။သမီးဖေဖေလည်းမရှိတော့ ပိုဝေးသွားတာပေါ့။ဟိုမှာရှိတဲ့ ဘွားဘွားကလေ သမီးငယ်ငယ်တုန်းကဆို တုန်နေအောင်ချစ်တာ"
"အဲဒါငယ်ငယ်တုန်းကလေ ကြီးကြီးရဲ့။အခုချစ်ချင်မှ ချစ်တော့မှာပေါ့။ပြီးတော့ခဏလည်းမဟုတ်ဘူး။ကြီးကြီးကိုလည်း ဘယ်လိုမှ စိတ်မချနိုင်ဘူး။"
ပွစိပွစိပြောနေသော တူမချောေလးကိုကြည့်ကာ ဒေါ်ထားသီရိ သက်ပြင်းချမိသည်။သူမနှင့် နေကာ ကျောင်းတက်မည်ဆိုလျှင် အခက်အခဲတွေများစွာနှင့် ကြုံရဦးမည်မှန်းသိ၏။တစ်ဖက်မှာရှိနေတဲ့ အဘွားရဲ့ အချစ်ဆုံးမြေး ဖြစ်သည့်တူမလေးသည် အဆင့်တန်းတစ်ခုထိရောက်အောင် အပူပင်ကင်းစွာကျောင်းတက်နိုင်ရေးအတွက် သူမနှင့် ခွဲသင့်လျှင် ခွဲရမည်။
Part-2...................…...........
YOU ARE READING
Bloody rose
Romance🌹သွေးလွှမ်းနှင်းဆီ🌹 ရှင်သန်နေကတည်းက သေဆုံးဖို့ဆိုရင် ချစ်မိသွားကတည်းက ဝေးကွာသွားဖို့အတွက်ပဲ မဟုတ်ဘူးလား။ ငွေပန်းထိမ် အလျော့ပေးတိုင်းသာ ချစ်တယ်လို့သတ်မှတ်မယ်ဆိုရင် ကိုယ်ဟာ အမုန်းပေါ့။ ...