"ဒေါ်သက်....ဒေါ်သက်။ဟာကွာ......ဘာလုပ်နေကြတာလဲ။ဒုန်း...."
ပန်းကလေးကို အိမ်ပြန်ပို့ပြီး ပြန်ရောက်ကတည်းက သူ့စိတ်တွေ မကြည်လင်။ဘာတစ်ခုမှ သူ့မျက်စိရှေ့မှာ အဆင်ပြေမနေ။
"လာပါပြီ။မောင်နေရယ်။ဒေါ်သက်တောင်းပန်ပါတယ်။မောင်ထက်ကို အလုပ်ခိုင်းနေလို့ပါ။"
"မလိုချင်ဘူးဗျာ။ဆင်ခြေတွေလာမပေးနဲ့။ခင်ဗျားကို ခုချက်ချင်း အလုပ်ထုတ်ပစ်မယ်။အလုပ်ရှင်က ခေါနေရင် ချက်ချင်းလာမှပေါ့"
"ဒေါ်သက်တောင်းပန်ပါတယ်ကွယ်။နောက်တစ်ခါမဖြစ်စေရပါဘူး။"
"ဒေါ်သက်....လုပ်စရာရှိတာသွားလုပ်။"
ရုတ်တရက် ထွက်ပေါလာတဲ့ မာမီအသံကြောင့် သူဘာမှဆက်မပြောပဲနေလိုက်သည်။တစ်ခုခုဆို မာမီကသာ သူ့ဘက်မှာရှိတက်သူပင်။
ဒေါ်သက်ထွက်သွားမှ မာမီက သူ့ဘေးတွင်လာထိုင်ကာ စေ့စေ့ကြည့်နေလေ၏။
"ဘာတွေ ဒေါသဖြစ်နေတာလဲ သား။မာမီ့ကိုပြောစမ်း....သား နီလာတို့အိမ်ကပြန်လာကတည်းက ဒီလိုဖြစ်နေတာ မာမီသိနေတယ်နော်"
"အန်တီနီလာရဲ့ တူမ ပန်းကလေးကို မာမီသိတယ်မလား။"
"သိတာပေါ့ကွယ်။ဟိုတစ်လောကပဲ ပြန်ရောက်နေတယ်လို့ သားဘွားဘွားေပြာတယ်လေ။"
အရှေ့သို့ ကျနေသော ဆံပင်အချို့ကို မာမီက လက်ချောင်းသွယ်သွယ်တို့ဖြင့် သပ်ပေးလေသည်။လောကကြီးမှာ မာမီကသာ သူ့ကိုအလိုလိုက်နိုင်ဆုံးသောသူပါ။
"သား ပန်းကလေးကို လက်ထပ်ချင်တယ်။ပိုင်ဆိုင်ချင်လွန်းလို့လည်း ရူးတော့မယ်မာမီရာ....."
"ဘုရားရေ!....ဒါ မာမီ့သားနေမင်းကုရု ရော ဟုတ်ရဲ့လား။မင်းတွဲခဲ့တဲ့ ကောင်မလေးဘယ်နှယောက်ရှိလဲ ဆိုတာ မှတ်မိသေးလား ကုရု။ဘယ်မိန်းကလေးကို အတည်တွဲခဲ့လို့လဲ။ပန်းကလေးဆိုတာ အန်တီအိမ်စည်ရဲ့ အချစ်ဆုံးမြေးနော်။"
"သားသိပါတယ်မာမီရ.....ပန်းကလေးကို တကယ်ချစ်တာပါ။တကယ်လည်း လက်ထပ်ချင်တာပါ မာမီရယ်။သားကို လိုက်တောင်းပေးပါမာမီ..."

ESTÁS LEYENDO
Bloody rose
Romance🌹သွေးလွှမ်းနှင်းဆီ🌹 ရှင်သန်နေကတည်းက သေဆုံးဖို့ဆိုရင် ချစ်မိသွားကတည်းက ဝေးကွာသွားဖို့အတွက်ပဲ မဟုတ်ဘူးလား။ ငွေပန်းထိမ် အလျော့ပေးတိုင်းသာ ချစ်တယ်လို့သတ်မှတ်မယ်ဆိုရင် ကိုယ်ဟာ အမုန်းပေါ့။ ...