"ပန်းကလေး.....မင်းဒီမှာ ဘာလာလုပ်နေတာလဲ။"
ရုတ်တရက်ကြားလိုက်ရသောသူ့ အသံကြောင့် ငွေ့ကိုယ်လုံးလေးတုန်တက်သွသည်။ရှင်ရောက်လာပြန်ပီလား။
"လာ......"
"ဘာလုပ်တာလဲ ....လွှတ်"
သူဆွဲထားသော လက်ကောက်ဝတ်ကို လှည့်ကာရုန်းနေသော်လည်းမလွှတ်ပေးပါ။
"ဒါကျွန်တော့်ခြံထဲမှာ ဆိုတာရောသတိထားမိသေးရဲ့လား။"
"ခင်ဗျားခြံထဲမှာ ဆိုတော့ရော ဘာလုပ်ချင်လဲ။ဟမ်... ကြိုက်တဲ့နေရာသွားတိုင်လို့ရတယ်နော်။ရှင်းလား"
အားကုန်သုံးကာ ရုန်းလိုက်စဉ် သူမလက်မှာ နီရဲပွန်းပဲကာ လွတ်သွား၏။ရှင် ကျွန်မအသားကို နာအောင်လုပ်တာ နှစ်ကြိမ်ရှိပြီ နေမင်းကုရု။
"ရဲ့ရင့်....အိမ်ပြန်ရအောင်"
ကြောင်ကြည့်နေသောရဲရင့်က သူမ၏လက်တစ်ဖက်ကိုကိုင်ကာ ငေးကြည့်ငေးကြည့်ဖြင့် လိုက်လာသည်။ခူးထားပြီးဖြစ်သော ပန်းကို လက်တစ်ဖက်မှကိုင်ထားလိုက်၏။ငွေ့အကြိုက်ဆုံး ပန်းပဲမဟုတ်လား။
အနောက်မှ သူ လိုက်လာသည်ကို သိသော်လည်း ဘာမှပင်ပြောမနေတော့။ပြောလည်းရမယ့်သူမှမဟုတ်တာ။
"ပန်းကလေး....မင်းကို နောက်တစ်ခါဒီကောင်နဲ့တွေ့လို့ကတော့ ကိုယ့်အဆိုးမဆိုနဲ့နော်"
"ကျွန်မပါသာ ကျွန်မ ဘယ်သူနဲ့ပဲ တွေ့တွေ့ရှင်နဲ့ မဆိုင်ဘူးနေရာတကာမှာလိုက်ပြီး ရှင်ပိုင်တဲ့ အရုပ်လိုမျိုးပြောဆိုနေတာတွေကို ရပ်တန်းကရပ်ပါ။"
"မြေး......အိမ်ရှေ့ကြီးမှာ ဘာလို့ ရန်ဖြစ်နေကြတာလဲ။နှစ်ယောက်လုံးအိမ်ထဲကို ခဏဝင်ခဲ့ကြဦး....လာကြ "
မျက်လုံးထောင့်မှ သူပိမ်ထဲမဝင်သေးပဲ ငွေ့တို့ဘက်သို့ကြည့်နေမှန်းသိပါ၏။လက်ထဲမှ နှင်းဆီပန်းကို သေချာကြည့်လိုက်စ။တကယ်လှတဲ့ပန်းလေးပါလေ။
ဧည့်ခန်းဆိုဖာပေါတွင် ဝင်ထိုင်လိုက်စဉ် ရဲရင့်က အိမ်ပေါသို့ပြေးတက်သွားလေသည်။တကယ့်ကို ကလေးဘဝကမှ လွတ်လပ်သည်ဟုတွေးကာ နှာခေါင်း ရှုံ့မိ၏။
YOU ARE READING
Bloody rose
Romance🌹သွေးလွှမ်းနှင်းဆီ🌹 ရှင်သန်နေကတည်းက သေဆုံးဖို့ဆိုရင် ချစ်မိသွားကတည်းက ဝေးကွာသွားဖို့အတွက်ပဲ မဟုတ်ဘူးလား။ ငွေပန်းထိမ် အလျော့ပေးတိုင်းသာ ချစ်တယ်လို့သတ်မှတ်မယ်ဆိုရင် ကိုယ်ဟာ အမုန်းပေါ့။ ...