Part -3

113 2 0
                                    

"အဲဒါဆို ငါနဲ့ကြိုက်နေတာကိုသိလို့ ဟိုကိုပို့ပစ်တာပေါ့။သူတို့က ဘာမို့လို့လဲ။မာန်ကရောဘာမို့လို့လဲ။"

ဧည့်ခန်းထဲအရောက်တွင်ပင် မထိုင်နိုင်ပဲ ဒေါသများသာအလိပ်လိုက် ထွက်လာ၏။အဆင့်အတန်းခွဲခြားတက်မှန်းသိသော်လည်း မာနကို ထိခိုက်လာသောအခါ နှလုံးသွေးတို့ ပွက်ပွက်ဆူကုန်သည်။

"အလကားပါဟာ။သူ့မားသားကြီးကိုက ဘဝင်ကိုင်နေတာ။သူသားနဲ့မတူသလို မတန်သလို ပြီးတော့ပြောသေးတယ်။ဘာတဲ့......။သူတို့သားကို ရွှေလိုဥထားတာတဲ့။နင့်အကြောင်းကို အကုန်စုံစမ်းပြီးပြီ။ကောင်းကွက်တစ်ကွက်မှ မရှိဘူးတဲ့။ပြီးတော့ နင်က သူ့သားအပေါ်တစ်ဖက်သတ်တဲ့။"

ရုတ်တရက် မမျှော်လင့်ဘဲ သိမ့်ထံမှ ထို့သို့ တစ်ဆင့်ကြားရလေသောကြောင့် ငွေရှက်သည်။အကောင်းကိုသာတွေးထားသောကြောင့် အဆိုးဆုံးကို လက်မခံချင်ပါ။တစ်ပြိုက်နဲထဲပင် မျက်ရည်ဥတို့က ပူခနဲလိမ့်ဆင်းလာသည်။

"ဟယ်...!ငွေ ။ဆောရီးပါဟာ။ငါကမခံချင်လွန်းလို့ ကြားရတာကို ပြန်ပြောပြရုံပါ။"

"မဟုတ်ပါဘူးသိမ့်ရယ်။အရင်ကတည်းက စောင်းသလိုလိုနဲ့ပြောနေတာတွေကို သူမသိတာလဲမဟုတ်ဘူး။အခုလည်း သူဘာလုပ်နေတာလဲ။ဟမ်...။အနည်းဆုံးတော့ ငါ့ဘက်မှာ ရှိနေသင့်တယ်။"

ဆက်တီခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။မာန့်ကို ယုံကြည်ခဲ့သမျှ ထိုအချိန်တွင်ရပ်တန့်ပစ်ရန် ငွေကြိုးစားမိသည်။

"မာန်ကနင့်ကို တကယ်ချစ်ပါတယ်။ဘွားတော်ကသာ လျှောက်ဖောက်နေတာ။အာရုံ စိုက်မနေစမ်းပါနဲ့။"

"မစိုက်လို့မရဘူး။ဘာမှအားကိုးလို့ မရတဲ့သူကို ချစ်သူတော်နေလည်း အလကားပဲ။စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရမယ်သိမ့်။ငါ့ကို လက်မခံတဲ့ အသိုင်းအဝိုင်းထဲကို မျက်နှာပြောင်တိုက်ပြီးမဝင်ပါဘူး။"

ပါးပြင်နုနု‌ပေါ်မှ မျက်ရည်တို့ကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။ဒီလောက်ခါးခါးသီးသီးငြင်းနေတဲ့ မိသားစုထဲကို ဝင်ရလောက်အောင် ငွေ မရူးပါ။။ထိုနေ့တွင်ပင် ဖြတ်စာရေးကာ မာန့်ထံပို့ပစ်လိုက်၏။သိမ့်က တားသော်လည်း ဆုံးဖြတ်ချက်ကို ပြန်ပြင်ရန် မစဉ်းစားပါ။

Bloody roseDonde viven las historias. Descúbrelo ahora