"မြေး......အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ။လာလာ....မြေးနဲ့ မိတ်ဆက်ပေးဦးမယ်"
ဘွားခေါရာဆီသို့ လျောက်သွားသည်အထိ တစ်ချက်ကလေးမှ မျက်နှာမလွဲပဲ ကြည့်နေသည့် သူ့ကို သူမ ဖြတ်ရိုက်ချင်စိတ်တွေ ပေါက်လာသည်။ပိုက်ဆံ မပေးရတိုင်းလူကို ဝါးစားမတက် ကြည့်နေတာမဟုတ်လား။
အိမ်ထဲသို့ ဝင်ကြပြီး အိစက်ညက်ညောသော ဆိုဖာပေါသို့ ဘွားဘေးတွင် ဝင်ထိုင်လိုက်သည်။"ဒါက ဘွားရဲ့ ငယ်သူငယ်ချင်း ဒေါ်ထိပ်တင်ထား တဲ့။ ၅တန်းလောက်ကတည်းက ခင်ခဲ့ကြတဲ့ သူငယ်ချင်းလေ။ဒီဘက်က ထိပ်ထားရဲ့ တစ်ဦးတည်းသော မြေးလေး နေမင်းကုရု တဲ့။"
ထိပ်ထားဆိုသော ဘွားကို ခပ်ယဲ့ယဲ့မျှ ပြုံးလိုက်လိုက်သောအခါ ဘွားကလည်း နွေးထွေးစွာပြန်ပြုံးပြသည်။ရွှန်းလဲ့ကာ စူးရှသော အကြည့်တို့နှင့် သူ့ကိုတော့ မမြင်ချင်ယောင်သာ ဆောင်လိုက်၏။
"ငါ့မြေးလေးကိုတော့ နင်သိပြီးသားပဲမလားထိပ်ထား။ငယ်ငယ်တုန်းက နင်ထိန်းဖူးတယ်လေ"
"မမှတ်မိပဲနေပါ့မလားဟယ်။ငါထိန်းလိုက်တိုင်း ငါ့ဆီထက် နေမင်း ဆီပဲသွားနေတာလေ။"
ဘွားစကားကြောင့် သူမမျက်နှာမှာ ဆေးနီဖြန်းထားသကဲ့သို့ ရဲပေါက်နေမှာ အမှန်။စကားတောင် မပြောရသေးပဲ ကြည့်ရုံနဲ့တင် မုန်းချင်စရာ ကောင်းတဲ့ ဒီလူဆီကို ငွေကသွားစရာလားဟု လည်း တွေးမိသည်။
"ဪ...အဲ့တာဆို သူက ပန်းကလေးပေါ့။"
သူမကိုရည်ညွှန်း၍ ပန်းကလေးဟု ဆိုလိုက်သဖြင့် သူ့ထံသို့ ဗြုန်းခနဲ အကြည့်ရောက်သွားသည်။
"အေးလေကွယ်။မြေးလေးပါးက အမြဲတမ်းနီရဲနေလို့ မြေးနေပဲ ပန်းကေလးလို့ ခေါတာလေ။အဟင်း....ဟင်း"
ဘွားဘွားကပါ လိုက်ပြော၍ ရယ်ကြလေတော့ သူမမျက်နှာ ဘယ်ထားလို့ ထားရမှန်းမသိ။ထမင်းစားကြသည်အထိ တစိုက်မတ်မတ်ကို ကြည့်နေသောကြောင့် သူမဒေါသတို့က ပွက်ပွက်ဆူလာသည်။
ပြန်သည်အထိပင် လိုက်မပို့ပဲ အခန်းထဲသို့ ဝင်ကာခေါင်းအုံးကို ထဘုန်းဘုန်းထုမိသည်က ရှက်လွန်း၍လား။ဒေါသထွက်၍လားတော့ သူမကိုယ်တိုင်ပင်မသိ။
KAMU SEDANG MEMBACA
Bloody rose
Romansa🌹သွေးလွှမ်းနှင်းဆီ🌹 ရှင်သန်နေကတည်းက သေဆုံးဖို့ဆိုရင် ချစ်မိသွားကတည်းက ဝေးကွာသွားဖို့အတွက်ပဲ မဟုတ်ဘူးလား။ ငွေပန်းထိမ် အလျော့ပေးတိုင်းသာ ချစ်တယ်လို့သတ်မှတ်မယ်ဆိုရင် ကိုယ်ဟာ အမုန်းပေါ့။ ...