ရောက်ရှိလာသောနေရာသို့ သူသဘောမကျလှပါ။လူတရုံးရုံးနဲ့ ရှိသည့် ဤနေရာထက် ကလပ်တက်လိုက်တာကမှကောင်းဦးမည်ဟု သူထင်သည်။သို့သော် ချစ်ရသောသူ ရှိတဲ့နေရာမဟုတ်လား။
"ဒီမှာ......ငွေပန်းထိမ်ရဲ့ အိမ်က ဘယ်နားလေးမှာလား။"
အနီူအနား၌တွေ့ရသော အသက် ၄၀ခန့်ရှိသည့် လူတစ်ယောက်အား ကားပေါမှပင် လှမ်းမေးလိုက်သည်။
"ငွေပန်းထိမ်.....ဟိုတစ်လောကမှ ရန်ကုန်က ပြန်လာတဲ့ ကောင်မလေးလား။"
"ဟုတ်တယ်.....ဟုတ်တယ်။"
"ဒီလမ်းအတိုင်းသွားပြီးေတာ့ အရှေ့က ညာဘက်လမ်းလေးကို ကွေ့လိုက်။ပြီးရင်အဲ့မှာ အပြာရောင် တိုက်လေးကိုတွေ့လိုက်မယ်။အဲ့အိမ်ပဲ။ "
ကျေးဇူးစကားပင်မဆိုတော့ဘဲ။ခပ်မြန်မြန်မောင်းလာခဲ့သည်။သူမနဲ့ေတွ့ဖို့က အဓိကမဟုတ်လား။
ကားသံကြောင့်စိတ်ရှုပ်ထွေးစွာနဲ့ သူမအိမ်ရှေ့သို့ထွက်လာခဲ့သည်။ကြီးကြီးအပြင်သွားတုန်းသူနဲ့ ပြသာနာကို ပြတ်အောင်ရှင်းရမည်။ခဏခဏလာကူညီတာကိုကျေးဇူးတင်ပေမယ့် ပြီးခဲ့တဲ့ကိစ္စနှင့်ပတ်သက်ရင် မပြတ်သားနိုင်သေးမှန်းငွေသိသည်။
"ဟင်!......."
"ပန်းကလေး...မင်းတော်တော်ပိန်သွားတာပဲ။နေမကောင်းဘူးလား။"
"ရှင်ဘာလာလုပ်တာလဲ။"
သူမစကားကို ကြိုသိပြီးသားမို့ သိပ်တော့မခံစားရပါ။အစကတည်းကမကြည်ဖြူမှန်းသိပေမယ့် ကိုယ်က ချစ်မိသူကိုး။
"မင်းကိုတွေ့ချင်လို့လာတာလေ။"
"ကျွန်မကတော့ မကြိုဆိုဘူးနော်။မဖိတ်ခေါထားတဲ့ လူကို ဧည့်ဝတ်ကျေဖို့ ကျွန်မမှာ အစီစဉ်မရှိဘူး။"
"ရပါတယ်။ဒီလောက်တော့ ကိုယ်ကြိုတွေးပြီးသားပါ။မင်းဘယ်တော့ပြန်မှာလဲ"
"ရှင်နဲ့မဆိုင်ပါဘူး။အခုလောလောဆယ် ကျွန်မအိမ်ရှေ့ကနေ ထွက်သွားပါ။တစ်ယောက်ယောက်မြင်သွားရင် မသင့်တော့ဘူး။"
"Ok လေ"
ပြောပြောဆိုဆိုနှင့် အိမ်ဘေးရှိခြံအလွတ်နားတွင်ကားသွားရပ်တဲ့သူ။ထို့နောင်ကားပေါမှ လှမ်းအော်သည်က.....
ŞİMDİ OKUDUĞUN
Bloody rose
Romantizm🌹သွေးလွှမ်းနှင်းဆီ🌹 ရှင်သန်နေကတည်းက သေဆုံးဖို့ဆိုရင် ချစ်မိသွားကတည်းက ဝေးကွာသွားဖို့အတွက်ပဲ မဟုတ်ဘူးလား။ ငွေပန်းထိမ် အလျော့ပေးတိုင်းသာ ချစ်တယ်လို့သတ်မှတ်မယ်ဆိုရင် ကိုယ်ဟာ အမုန်းပေါ့။ ...