Part -17 (Final)

132 8 1
                                    

သူမကားတိုက်ခံရသည့်သတင်းကို ကြားကြားချင်း သူအပြေးပြန်လာခဲ့သည်။ပြင်သစ်မှာ ဘွားဘွားဆေးကုသသည့်  နောက်သို့သူလိုက်သွားခဲ့၍ သူပါတစ်ခါတည်း ကုရန် ပြင်ဆင်နေချိန် ကားတိုက်ခံရသည့်သတင်းက သူ့ကို ပြန်လာစေသကဲ့သို့ပင်။ချိန်းထားသမျှအားလုံးကို ဖြတ်ကာ ဆရာဝန်တွေကိုလည်း ပြန်ပြီး တောင်းပန်ရတော့မည်အထိ။

ဒီကြားထဲတွင် ရည်စားဟောင်းဖြစ်သူ လေပြေက ဖုန်းတဂွမ်ဂွမ်ခေါနေသည်မို့ နားညည်းနေရသေး၏။ကိုယ်အရာအားလုံးကို မင်းနဲ့ပဲ အသစ်ဖြစ်ချင်တယ်ပန်းကလေး။သူ သွားသည့် ကိစ္စကို သူမ မသိသလို သူပြန်လာသည်ကလည်း သူမအတွက် အရေးပါမည်မဟုတ်မှန်းသိပါသည်။

သူမရှိရာ ဆေးရုံထဲသို့ရောက်တော့ သူ့ရင်ထဲတွင် နွမ်းလျသွားသည်။ဘာမှထိခိုက်ခြင်းမရှိဖို့လဲ သူမျော်လင့်မိ၏။

အခန်းတံခါးကို ခပ်ဖွဖွဖွင့်လိုက်တော့ ပတ်တီးအဖွေးသားနဲ့ သူမအနားတွင် အန်တီနီလာက ထိုင်နေလေသည်။

"သားနေ.......မင်းဘယ်တုန်းက ပြန်ရောက်တာလဲ။ဆေးသွားကုတယ်ဆို"

"ဟုတ်တယ်။ပန်းကလေးက အဲ့လောက်ထိ ဘယ်လိုဖြစ်သွားတာလဲ။"

"ကားလမ်းကူးရင်းနဲ့ပဲဖြစ်သွားတာ။အခု သမီးလေးက ဦးဦးနှောက်နည်းနည်းထိထားတယ်။အ‌‌ေခြနေက ဘာမှသေချာမသိရသေးဘူးကွယ်။မာမီကလည်း ငွေလေူအတွက်တအားစိတ်ပူနေတာ။"

"........"

"ဒီနေ့နဲ့ဆို သမီးငွေ ဆေးရုံတက်တာ တစ်ပတ်ရှိပြီ။အခုထိ သတိပြန်မရသေးဘူး။"

သူရင်ထဲတွင် ပူလောင်နေသည်။သူမလေးသား တစ်ခုခုဖြစ်ရင်တော့ အနားမှာ ရှိမနေပေးတဲ့ သူ့ကိုယ်သူလည်းခွင့်လွှတ်မည်မဟုတ်။

"ကားသမားကရော......အဲ့ကားသမားကရော ဘယ်မှာလဲ"

"တိုက်တဲ့သူက သမီးလေးရဲ့ သူငယ်ချင်း မာန်တဲ့။ဘာလို့များ လုပ်ရက်သလဲတော့ အန်တီလည်းမသိဘူးကွယ်။အဲ့ကောင်လေးလည်းအခု သားဦးက တရားစွဲထားတယ်။"

မာန်...။ဟုတ်တယ်။ဟိုတစ်ခေါက်က သူမနဲ့အတူ တွေ့တဲ့ ကောင်လေးပဲ။သူမှတ်မိနေပါသည်။သူမကွယ်ရာတွင် မျက်လုံးစူးစူးတို့ဖြင့် ကြည့်သောသူ။
သူ ဘာကိုမှ မလုပ်ပေးနိုင်ခဲ့။သူရောဂါသက်သာဖို့ကိုပဲ တွေးနေမိပြီး သူမဘက်ကို ဂရုမစိုက်နိုင်ခဲ့။ဟုတ်သည်။

Bloody roseWhere stories live. Discover now