ရုတ်တရက် အနီးနားမှ ကြားလိုက်ရသော အသံရှင်ကြောင့် သူမလန့်သွားရသည်။
တီရှပ်ကို ဘောလုံးဘောင်းဘီနှင့် တွဲဝတ်ထားသော ထိုလူသည် ကမ္ဘာကြီးကိုဘောင်ခတ်ကြည့်သူဖြစ်၏။ဂချိုင့်တစ်လုံးကိုလက်မှာကိုင်ကာ ငွေ့ကို သေချာစူးစိုက်၍ကြည့်နေသည်မို့
"ဒီမှာ.."
"ဒီမှာ.."
နှစ်ယောက်အသံကတစ်ပြိုင်နက်ထဲပင်ထွက်လာလေသည်။
"မင်းက အန်တီသီတာတို့ပြောတဲ့ ကောင်မလေးလား"
"အန်တီသီတာတို့ကဘာပြောလဲ ကျွန်မမှ မသိတာ။ရှင်က ဘယ်သူလဲ။ဘာလာလုပ်တာလဲ။"
မျက်လုံးကိုထောင့်ကပ်ကြည့်၍ ခပ်ချေချေသာမေးလိုက်၏။
"ငါက မင်းခုနက ငေးနေတဲ့ အဲ့ဘက်အိမ်က။မင်းက ထိန်...ထိန်..ဘာဆိုလား...ထိန်"
"ငွေပန်းထိမ်ပါရှင့်။တကတည်း နာမည်လိုက်ဖျက်နေတယ်။"
"မမှတ်မိလို့ပါကွ။ရော့....။အိမ်မှာ မုန့်ဟင်းခါးချက်လို့ လာပေးတာ"
လက်ထဲသို့ရောက်လာသော ငါးဆင့်ချိုင့်ကိုယူကာ သူမ ငူငူကြီးရပ်နေမိသည်။မီးဖိုေချာင်ကဘယ်နားလေးမှာပါလိမ့်။
အိမ်ထဲသို့ ပြန်ဝင်ခဲ့ကာ ဘယ်ေကွ့ ညာကွေ့ဖြင့်ရှာနေသော်လည်းမတွေ့။ကြီးမေတို့ ဘွားဘွားတို့က ဘယ်ရောက်နေတာပါလဲ။
"ဟိတ်...ဘာရှာနေတာလဲ။ပြီးမှ ချိုင့်လာပို့မှာလား"
"ဟင်..ဟို မီးဖိုချောင်ရှာနေတာ။မနေ့ကမှ ရောက်လာတာမို့ ......."
"ကျစ်!....."
ထိုလူကချိုင့်ကို ယူကာ စိတ်မရှည်စွာဖြင့် အိမ်ရှေ့သို့ ပြန်ထွက်ကာ အိမ်နှင့် ကပ်လျက် တွဲဆောက်ထားသော အိမ်အသေးလေးထဲသို့ ဝင်သွားလေသည်မို့ နောက်မှ လိုက်လာခဲ့၏။
"ဟယ်! သားဦး....ဘာကိစ္စ......အဲ..မမလေးရောပါလား"
အထဲမှ ဟင်းချက်ဇွန်းကိုကိုင်ထရင်းမေးနေသည့် ကြီးမေကြောင့် သူမသိလိုက်ပါပြီ။ဤနေရာသည် မီးဖိုချောင်ပါတကား။
"ကြီးမေ....မေမေက မုန့်ဟင်းခါးပို့ခိုင်းလိုက်လို့... ချိုင့်က နောက်မှပဲ ယူတော့မယ်။"
ပြောပြောဆိုဆိုနှင့် ချိုင့်ကို စားပွဲပေါ်တင်ထားခဲ့ကာ ထွက်သွသော သူ့ကို လှည့်ကြည့်လိုက်သည်။ရုပ်ကဖြင့် တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေရတဲ့အတိုင်း ကြောင်ချီးအိုးဟု ငွေ့စိတ်ထဲတွင် ထောမနာပြုလိုက်၏။
"မမလေး ဘာစားမလဲ။ကြီးမေ ဘာလုပ်ပေးရမလဲ။"
"စားတာက ခဏနေရင် စားမယ်။လောလောဆယ်တော့ မမလေးလို့ ခေါ်တာကို အရင်ပြင်ပေးပါလားဟင်။ဘယ်လိုကြီးမှန်းမသိဘူး"
သူမက ပခုံးနှစ်ဖက်ကို တွန့်ရင်း ရယ်ကာ ပြောတော့ ကြီးမေက ပြုံးသည်။
"အဲ့တာဆို ဘယ်လိုခေါရမှာလဲရှင့်"
"ကြီးမေက သမီးရဲ့အဒေါ် အရွယ်ပဲလေ။ကိုယ့်တူမလို့ သဘောထားပြီးတော့ ပြောပေါ့လို့။ဒါနဲ့ ဘွားဘွားတို့ရော..."
"မေမေကြီးတို့က သူ့သူငယ်ချင်းရဲ့ မွေးနေ့ပွဲ ရှိလို့တဲ့။မနက်အစောကြီးကတည်းက ထွက်သွားတယ်။ခဏနေလောက်ဆို ပြန်ရောက်မယ်ထင်တယ်။ဟော......ပြောရင်းနဲ့ ကားသံတောင်ကြားတယ်။"
ကြီးမေက ခြံထဲသို့ ပြေးသွားကာ တံခါးသွားဖွင့်လေတော့ သူမက တံခါးပေါက်နားမှာ ရပ်နေခဲ့သည်။
ပြောင်လက်နေသော မာစီးဒီး အနက်ရောင် နှစ်စီးမှာ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာလေ၏။ပထမတစ်စီးပေါ်မှ ဘွားဘွားတို့ သုံးယောက်လုံးဆင်းလာ၍ ဒုတိယ တစ်စီးတွင် ဘွားနှင့် ရွယ်တူ ဘွားတစ်ယောက်။ထို့နောက်.......စူးရဲ လှသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသူ တစ်ယောက်။ငွေ့ကို ပေါ်တင်ကြီး သေချာ ကြည့်နေသော သူ့အကြည့်တွေကို ငွေမကြိုက်။မျက်လုံးကို ဖုံးခါနီးနေသော သူ့ဆံပင်တို့က အရှေ့တွင် ကျနေသည်။ယောက်ျားလေးတန်မဲ့ ဖြူဝင်းနေသော အသားအရည်ကို လည်းသူမ မကြိုက်။
Part-6..................

KAMU SEDANG MEMBACA
Bloody rose
Romansa🌹သွေးလွှမ်းနှင်းဆီ🌹 ရှင်သန်နေကတည်းက သေဆုံးဖို့ဆိုရင် ချစ်မိသွားကတည်းက ဝေးကွာသွားဖို့အတွက်ပဲ မဟုတ်ဘူးလား။ ငွေပန်းထိမ် အလျော့ပေးတိုင်းသာ ချစ်တယ်လို့သတ်မှတ်မယ်ဆိုရင် ကိုယ်ဟာ အမုန်းပေါ့။ ...