သူမတံခါးဖွင့်ကာဆင်းလေဝောာ့ ရွှေဝါရောင်ချိတ်ဝမ်းဆက်နှင့် ကျက်သရေရှိကာ ဘွားဘွားဟုထင်ရသောသူက တံခါးဝတွင် ရပ်ကာ ပြုံးပြနေသဖြင့် သူမ ယောင်နနနှင့် ပြန်ပြုံးပြလိုက်သည်။
"သီတာနဲ့ နီလာ ငါ့မြေးကို လာကြိုကြလေ။"
ဘွားဘွားအသံဆုံးသည်နှင့် အိမ်ထဲမှထွက်လာသော အန်တီနှစ်ယောက်ကို ထပ်မံပြုံးပြလိုက်၏။
"သမီးလေးလာ အိမ်ထဲဝင်"
အနည်းငယ်ဝသော အန်တီမှ ငွေ့လက်ကိုဆွဲ၍ အိမ်ထဲသို့ ခေါ်လေသည်။ခမ်းနားလှသော အပြင်အဆင်တို့အား ငွေငေးမောနေမိ၏။ဒီလိုအိမ်မျိုးတွင် နေဖို့ဆိုတာ အိမ်မက်တောင် မမက်ဖူးခဲ့။
"သမီးဒီမှာ ခဏနားမလား။အခန်းထဲမှာပဲနားချင်လား"
"အို.... မိုးတောင်ချုပ်နေပြီ။အခန်းထဲမှာပဲ လွပ်လွပ်လပ်လပ်နားပါစေ နီလာရယ်။မြေး ,မြေးအန်တီလေးနဲ့ လိုက်သွားချေ။မနက်မှပဲ အေးဆေးစကားပြောကြတာပေါ့"
"ဟုတ်ကဲ့"
ထိုအန်တီနှင့်အတူ လှပလွန်းသော ကျွန်းလှေကားကြီးမှ အပေါ်ထပ်သို့ တက်ခဲ့သည်။လှေကားအဆုံးတွင် ဟောခန်းကျယ်ကြီးနှင့် တံတားကဲ့သို့သော ဝရန်တာလေးကို ဖြတ်ကာ သူမအခန်းဆိုသော နေရာသို့ရောက်လေ၏။
"ဒါသမီးနေရမယ့်အခန်းပဲ ငွေ။အန်တီလေးအခန်းက ဟိုဘက်ခြမ်းမှာ။မမနဲ့ မေမေတော့ အောက်ထပ်မှာပဲနေတယ်။သမီးတစ်ခုခုလိုရင် အဆုကို ခေါ်လိုက်။ဟုတ်ပြီလား။"
"ဟုတ်"
ငွေ့ကို ညှင်သာစွာပြုံးပြ၍ အောက်ထပ်သို့ ပြန်ဆင်းသွားသည့်တိုင် အခန်းထဲသို့ မဝင်ဖြစ်သေး။စက္ကန့်အနည်းငယ် ကြာမှသာ တံခါးကို ခပ်ဖြေးဖြေးဖွင့်၍ ဝင်လိုက်သည်။
သူမအံ့ဩသွားရ၏။လိုက်ကာ၊ခေါင်းအုံးတွေမှစ သူမကြိုက်သော အညိုရောင်။ပြင်ဆင်ပေးထားသူကို မြှောက်ချီချင်သည် အထိ ပျော်သွားရသည်။
အလှပြင်ပစ္စည်းများဖြင့် ပြည့်နှက်နေသော မှန်တင်ခုံ။သူမအကြိုက် ဂါဝန်ရောင်စုံများ စီချိတ်ထားသော ဗီရို နှင့် ဝမ်းဆက်ပေါင်းများစွာ တည်ရှိနေသော ဗီရို။အိတ်၊ဖိနပ် မှစ အသီးသီး ခွဲပေးထားကာ များပြားလှသောပစ္စည်းများကြောင့် ပါးစပ်ပင် မစိနိုင်အောင် ပျော်မိသည်။

YOU ARE READING
Bloody rose
Romance🌹သွေးလွှမ်းနှင်းဆီ🌹 ရှင်သန်နေကတည်းက သေဆုံးဖို့ဆိုရင် ချစ်မိသွားကတည်းက ဝေးကွာသွားဖို့အတွက်ပဲ မဟုတ်ဘူးလား။ ငွေပန်းထိမ် အလျော့ပေးတိုင်းသာ ချစ်တယ်လို့သတ်မှတ်မယ်ဆိုရင် ကိုယ်ဟာ အမုန်းပေါ့။ ...