"ဟုတ်...ဟို...ဘွားဘွားတို့က အပြင်သွားကြတယ်ရှင့်။"
"အိုး...အန်တီက သမီးနဲ့တွေ့ဖို့လာခဲ့တာပါ။ချက်ချင်းကြီး ပြန်မလွှတ်ပါနဲ့ဦး"
"ငွေ က အဲ့သဘောမျိုးပြောတာမဟုတ်ပါဘူး။ဘွားဘွားတို့နဲ့ တွေ့ဖို့လာတယ်ထင်လို့ပါ။အိမ်ထဲ ဝင်ပါဦးအန်တီ"
လက်ဖျားတို့က အေးစက်စက်ဖြစ်နေမှန်း ငွေ့ကိုယ်ငွေ သတိထားမိသည်။အို...ဘာကြောက်စရာလိုလို့လဲ။လူ လူချင်းပဲ ဟု အားပေးရင်း စိတ်ကိုတင်းထားလိုက်၏
"ခဏစောင့်ပါဦးနော်။ငွေ ကော်ဖီသွားဖျော်လိုက်ပါဦးမယ်။"
"နေပါစေ။အန်တီက ပြောစရာရှိတာပြောပြီးရင် ပြန်မှာပါ။"
"မဟုတ်တာပဲ အန်တီရယ်။ဧည့်သည်ကို ဧည့်ဝတ်ကျေပါရစေ။ခဏလေးပဲစောင့်ပါ။"
အပြောအဆိုသွက်ပြီးရုပ်ရည်လေးက သားသဘောကျရုံတင် မဟုတ်ပဲ မိန်းမချင်းတောင် ငေးရလောက်သည်။ဖြူဝင်းသော အသားအရည်က မိန်းကလေးချင်းတောင် မနာလိုစရာကောင်းလှသည်ကိုး။အရွေးဝော်လွန်းတဲ့သားကို ဒေါ်မဟာခင် ချီးကျူးမိသည်။
"ရပါပြီအန်တီ။သုံးဆောင်ပါဦး"
သင်းပျံ့သော အနံ့က ကော်ဖီသိပ်မကြိုက်သော သူမကိုတောင် ဆွဲဆောင်နေလေ၏။မုန့်ကို ပန်းကန်ထဲတွင် အစီအရီထည့်ကာ ပြင်လာသည်က မိန်းကလေးပီသမှုကို ပြနေလေသည်။
"သားက အိမ်မှာ သမီးအကြောငကို ခဏခဏပြောတယ်။"
အစမရှိ အဆုံးမရှိပြောလိုက်သော အန်တီ့စကားကြောင့် သူမ မျက်နှာပူသွားရသည်။
"သားအေခြအနေက ဆေးမမှီတော့ဘူး။သမီးကယ်မှကို ရတော့မှာ။အဟင်း....ဟင်း။မနေ့ကပဲ အန်တီ့ကို ပြောတယ်။သမီးကိုလိုက်တောင်းပေးပါတဲ့။"
"ရှင်!....."
ပွင့်ပွင့်လင်းလင်းပြောတတ်သော အန်တီကြောင့် သူမတကယ်ကို စိတ်ပျက်မိသည်။ဒါဟာ သူမကို ပြောရမယ့်စကားလား။ဘယ်လိုမိသားစုပါလဲ။
"မအံ့ဩပါနဲ့ သမီးရယ်။ဒီစကားက သမီးဘွားဘွားတို့ဆီမှာ ပြောရမယ်မှန်း အန်တီသိပါတယ်။ဒါပေမယ့် အရင်ဦးဆုံးသမီးရဲ့ သဘောထားကို အန်တီသိချင်တယ်"
VOCÊ ESTÁ LENDO
Bloody rose
Romance🌹သွေးလွှမ်းနှင်းဆီ🌹 ရှင်သန်နေကတည်းက သေဆုံးဖို့ဆိုရင် ချစ်မိသွားကတည်းက ဝေးကွာသွားဖို့အတွက်ပဲ မဟုတ်ဘူးလား။ ငွေပန်းထိမ် အလျော့ပေးတိုင်းသာ ချစ်တယ်လို့သတ်မှတ်မယ်ဆိုရင် ကိုယ်ဟာ အမုန်းပေါ့။ ...