Part -15

60 3 0
                                    

တစ်လမ်းလုံး နိုးလိုက် အိပ်လိုက်နှင့် လိုက်လာခဲ့သော သူမ အိမ်ပြန်ရောက်တော့ ခရီးပန်းနေလေပြီ။
နောက်ကျိနေသောခေါင်းက ဘာကိုမှ အာရုံမစိုက်နိုင်။

"မမ......"

တံခါးတွန်းဖွင့်ကာ ဝင်လာတဲ့ ရဲရင့်ကာ သူမအိပ်ရာ‌ပေါ်မှနေသာ ပြုံးကာကြည့်လိုက်သည်။

"သားရယ်....မာမီရယ် ဘွားဘွားရယ်။ဘွားထပ်ထားတို့အိမ်သွားမလို့"

"ဘာသွားလုပ်မလို့လဲကွ"

ပါးဖောင်းဖောင်းလေးကို ညှစ်ကာ သူမမေးလိုက်တော့ နာသွားသည်ထင့် မျက်နှာလေးရှုံ့မဲ့ကာ

"နာတယ်မမရ။သူ့အသားမဟုတ်တိုင်း။မမလည်းကိုကြီးညဦးနဲ့ကျရင် သားလိုပဲ ဝဍ်လည်မှာ"

"ဟယ်......ဒီကလေးကတော့"

"ဟိုမှာက ကိုကြီးနေမင်းဖျားနေတယ်တဲ့။ကြည့်ရတာ မမလိုပဲခရီးပန်းသွားတာထင်တယ်။အဲ့တာသွားပြီးကြည့်မလို့။အဲ့မှာဆို မုန့်တွေလည်းအများကြီးပဲ ကျွေးတယ်။ဟားဟား"

သူနေမကောင်းဘူးဆိုသောအသိက သူမကို နွမ်းလျစေသည်။ဘာလို့လဲ။

သူမကြောင်ကာ စဥ်းစားနေမိသည်မှာ ရဲရင့်ပင်ဘယ်ချိန်ကထွက်သွားမှန်းမသိတော့။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

စာမေးပွဲနီးနေသော်ငြားလည်း ဘာစာမှ သေချာမရသေး။ပျက်ရက်တွေများနေသည့်ကြားက အာရုံလည်းမလာ။ဒီကြားထဲ အန်တီသီတာ အကြံပေးသည်က ဆံပင်ညှပ်လိုက်ပါတဲ့။
ဒူးခေါင်းထိရှည်နေသော ဆံနွယ်ကိုတစ်လှည့် မှန်ထဲသို့တစ်လှည့်ကြည့်နေမိသည်။နှမြောမိသလို၊ညှပ်လည်း ညှပ်သင့်သည်ဟုထင်၏။

အောက်ထပ်သို့ဆင်းလာတော့ အန်တီလေးနှင့်တိုးလေသည်။

"ဘယ်လဲ ငွေလေး။"

"ငွေ ဆံပင်ညှပ်ချင်လို့ပါ"

"ဘယ်လို....နှမြောစရာကြီးကွယ်။ဘာဖြစ်လို့လဲ"

"ခေါင်းလေးလို့ပါ။ပြီးတော့ အာရုံနောက်နေသလိုကြီးပဲ"

နားထင်လေးကို ဖိကာ နှုတ်ခမ်းလေး ခပ်ဆူဆူပြောတော့ အန်တီလေးက ပြုံးလေသည်။

Bloody roseOnde histórias criam vida. Descubra agora