Part-11

104 3 0
                                    

"ခဏလေးမြေး.....ထွန်းအောင်က အပြင်သွားတယ်ကွဲ့။ကားဂိတ်ထိလိုက်ပို့ဖို့ မြေးနေကို ခေါလိုက်မယ်။"

"နေပါစေဘွား။ငွေ Taxi နဲ့ပဲသွားပါ့မယ်။သူ့ကိုတော့မခေါပါနဲ့။"

ကြောက်အားလန့်အားငြင်းဆန်နေသော မြေးဖြစ်သူကို ဒေါ်အိမ်စည် ကြည့်၍သက်ပြင်းချမိသည်။ဒီကောင်လေးက မြေးကို တကယ်ချစ်မှန်းလည်း ‌သိသည်။

"ဘွားစိတ်မချလို့ပါမြေးရယ်။ဒီတစ်ခါတော့ မြေးနေနဲ့ သွားလိုက်ပါကွယ်"

လူကြီးတစ်ယောက်၏ တောင်းဆိုမှုမို့ ငွေဘာမှပြန်မပြောတော့ချေ။ဖုန်းစခရင် ပေါ၌ ဘွား၏လက်များသည် လျင်မြန်စွာ ပြေးလွှားနေ၏။ပြီးနောက် မကြာပါ။ခြံထဲသို့ ပြိုင်ကားနီနီလေးက လွှားခနဲ ရောက်လာသည်။

ဘွားက မျက်နှာရိပ် မျက်နှာကဲ ပြနေပြီမို့ကားနောက်ခန်းထဲသို့ အိတ်တွေထည့်လိုက်ကာ ဝင်ထိုင်လိုက်၏။

"ဒီရှေ့မှာ လာထိုင်လေ။ငါက မင်းဒါရိုက်ဘာမဟုတ်ဘူး။"

"မထိုင်ချင်ဘူး။ကျွန်မ ဒီမှာထိုင်ရတာပဲ အဆင်ပြေတယ်။"

"သွားလိုက်ပါမြေးရယ်။အရှေ့မှာ ထိုင်ရုံပဲကို။နော်မြေး....."

သူမ သက်ပြင်းဖွဖွချကာ အရှေ့သို့ မှာထိုင်လိုက်တော့ သူ့ရုပ်က အောင်နိုင်သူကြီး တစ်ယောက်နှယ်ပြံုးကာ ခြံဝင်းထဲမှ ကားကိုကွေ့ထ၍ ထွက်လာခဲ့၏။ရှင့်ရဲ့ အဲဒီမျက်နှာကို ဟောဒီလက်သည်းတွေနဲ့သာ စိတ်ရှိတိုင်းကုတ်လိုက်ရရင်တော့ ဘယ်လောက်တောင် ‌ကောင်းလိုင်မလဲနော် ဟင်း.....ဟင်း။

"ဒီမှာ.....ကိုယ်က အဲ့လောက်ချောလို့လား။တစိမ့်စိမ့်ကြည့်နေရအောင်"

သူ့စကားကြောင့် ကားမှန်မှတစ်ဆင့် အပြင်ဘက်သို့ အကြည့်ပို့ထားလိုက်သည်။ဘာလို့ အဲ့လောက်ကြည့်နေရတာလဲ ငွေပန်းထိမ်ရယ် ဟု ကိုယ့်ကိုကိုယ်သာ ကျိန်ဆဲနေမိ၏။

"မေးနေတာဖြေလေကွာ....ကြည့်တုန်းက ကြည့်ပြီး ခုမှဘာရှက်နေတာလဲ။"

"ဘယ်မှာ ရှက်လို့လဲ။ရှင်နဲ့စကားမပြောချင်လို့ ပါးစပ်ပိတ်နေတာရှင်းလား။"

Bloody roseWhere stories live. Discover now