Part -16

62 4 0
                                    

"သမီးကြီးကြီးဆီသွား‌ေတာ့ သူလိုက်လာတဲ့နေ့တုန်းက သူ့ကိုလိုက်မသွားဖို့ အန်တီလေးတို့ ဝိုင်းတားကြပါတယ်။တားမရတဲ့အဆုံး လက်လျော့လိုက်ကြတာပါကွယ်။အဲ့တုန်းက သူ့အခြေအနေက သိပ်မဟန်ဘူးလေ။အဲ့ဒါကြောင့်လည်း သူနဲ့အတူ သမီးကို ပြန်လာခိုင်းတာပါ"

အန်တီလေး‌ပြောသည့် စကားများက သူမနားထဲသို့မကြားတစ်ချက်ကြားတစ်ချက်။မဖြစ်နိုင်တာ။သူ.....သူအဲ့လောက်ထိ ကျန်းမာနေခဲ့တာလေ။သူ့လိုလူက သွေးကင်ဆာတဲ့လား။

မမျှော်လင့်ထားပဲ မျက်ရည်ဥတို့က ခုန်ထွက်လာသည်။ဟင့်အင်း ငွေ မငိုပါဘူး။သူ့ကို ငွေမုန်းနေခဲ့တာပဲ။မငိုပါဘူး။

မျက်ရည်အရွဲသားနှင့် ခေါင်းကိုသာ တွင်တွင်ခါယမ်းနေမိ၏။မဖြစ်နိုင်ဘူး။ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး။

သူ့အတွက်စိတ်ပူပန်မိတာလဲမဟုတ်သလို၊ပျော်မိတာလဲမဟုတ်။တကယ်ဆို မပျော်ရင်တောင် ဘာငိုစရာရှိလို့လဲ။ငွေ့ကို လာရှုပ်နေတဲ့သူ့ကို မမြင်ရလေကောင်းလေပဲ မဟုတ်လား။

ရင့်ထဲ့မှနင့်နေအောင် နာကျင်နေသော သူမကိုယ်သူမလည်းနားမလည်နိုင်တော့။ငါ ဘာတွေဖြစ်နေတာလဲ။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

စာမေးပွဲကနီးသထက်နီးလာပြီမို့ စာကိုသာ ကုန်းရုန်းကျက်နေရသည်။ကြီးကြီးကိုရော၊သူ့ကိစ္စကိုပါ အတက်နိုင်ဆုံး ခေါင်းထဲကနေ ဖျောက်ထားရ၏။သူလည်း သက်သာနေပြီမို့ စာမေးပွဲနီးတဲ့ ငွေ့ကို လာမနှောင့်ယှက်တာပင် ကျေးဇူးတင်ရမည်။

သူမအခန်းထဲမှာပဲ ထမင်းယူစားဖြစ်ကာ ၊ အခန်းထဲမှာပဲ နေဖြစ်သည်။အခန်းထဲမှ တစ်ခါတစ်ရံ ဖျတ်ခနဲ မြင်တွေ့တက်ရသော ဂျူတီကုတ်နှင့် ကြောင်ချီးအိုးအားလည်း တစ်ခါတစ်ရံ ငေးမောမိသည်မှာအမှန်။ဘာစားပြီးတော့များမွေးလာလဲမသိ။အမြဲ သန့်ပြန့်နေတက်သည်။ဒီလိုပုံစံနဲ့သာ ကျက်ကျက် အပြင်ထွက် ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေမှာ မြင်ယောင်သေးသည် ဟုတွေးကာ နှုတ်ခမ်းလေးဆူလိုက်သည်။ဟာ.....စာကျက်ပါမယ်ဆိုမှပဲ ဒီလူက ဘာလို့ လာနှောင့်ယှက်နေတာလဲ တကယ်ပဲ။တွေးမိသော ကိုယ့်ကိုကိုယ့်အပြစ်မတင်ပဲ ဘာမှမသိသောသူ့ကိုသာ ပုံချလိုက်သည်။

Bloody roseWhere stories live. Discover now