"ငွေ...အဲဒါဘယ်သူလဲ"အနားသို့ဘယ်အချိန်ရောက်လာမှန်းမသိသော မာန်က မေးငေါ့ကာမေးလေ၏။
"ေသြာ်.....ငါ့အဘွားသူငယ်ချင်းရဲ့ မြေးလေ။နေမင်းကုရုတဲ့။ငါတောင်အခုပဲ နင့်ဆီ့လာမလို့လုပ်နေတာ။သူကဘာမှမစားရသေးလို့ တစ်ခုခုပြင်ပေးလိုက်ဦးမယ်။နင်က ဘာလာလုပ်တာလဲ။"
"နင့်ကိုပြောစရာရှိလို့။အခုမအားသေးဘူးဆိုလဲ ရပါတယ်။ပြီးရင် ကျောင်းနားလေးက ကော်ဖီဆိုင်ကိုလာခဲ့လေငါစောင့်နေမယ်။သိမ့်ကိုရော ခေါချင်ခေါခဲ့လေ။"
"အင်း။ပြီးမှလာခဲ့မယ်"
သူ့ရှေ့တွင် အပြန်အလှန်ချိန်းဆိုမှုပြုနေကြသော သူမနှင့်ထိုကောင်လေးအား ကြည့်နေမိသည်။သူငယ်ချင်းဖြစ်ပုံရပေမယ့် ထိုကောင်လေးရဲ့ အကြည့်တွေကို သူမကြိုက်။
မာန်လှည့်ပြန်သွားသည်နှင့် တဆုံးထိလိုက်ကြည့်နေသော သူက ကျောက်ရုပ်ကဲ့သို့ မျက်မှောင်ကြုတ်လျက်။
"ဒီမှာ......."
"ဟာ...အဲ့လောက်အော်ရလားကွ။အဝေးကြီးလဲမဟုတ်ပဲနဲ့။လူလေးသေးသလောက် အသံတော်တော်ကြီးတာပဲ။"
"ကျွန်မမှာ တခြားလုပ်စရာတွေရှိသေးတယ်။ရှင်ဗိုက်ပြည့်အောင်လည်း လုပ်ပေးရဦးမယ်။တကယ်တည်း.....သူဟာနဲ့ သူလိုက်လာပြီးတော့။လိုက်ခဲ့ အိမ်ထဲကို"
သူမပြောတော့လဲ ဘာမှပြန်မပြောပဲ တိတ်တိတ်လေး လိုက်လာသူရယ်ပါ။သူမဘက်ကသာ ပြန်ချစ်လိုက်ရင် သူမကိုသိပ်ချစ်မယ်မှန်းသိပါ၏။သို့သော်အဲဒီချစ်မရတာကိုက ခက်နေတာမဟုတ်လား။
"ဪ.....သား လာ....လာ"
လူကြီးသူမ တိုင်းကို ရိုသေလေ့မရှိပေမယ့် သူရောက်နေတဲ့ အိမ်ရှင်လည်းဖြစ်၊သူမ၏ အဒေါ်လည်းဖြစ်တဲ့ သူကိုတော့ ရိုသေရမည်ပင်။
ထိုအမျိုးသမီးကို ပြုံးပြကာ သူမက မီးဖိုခန်းဟုထင်ရသော နေရာသို့ ဝင်သွားသည်မို့ သူပါလိုက်ဝင်ခဲ့၏။
ထမင်းစား စားပွဲလေးပေါတွင် လက်တင်ရင်း ထိုင်ခုံပေါထိုင်ကာ နေလိုက်သည်။သူမကိုဖြင့် ထိုဘူးနှိုက်ဒီဘူးနှိုက်နှင့် အလုပ်ရှုပ်နေလေ၏။
VOUS LISEZ
Bloody rose
Roman d'amour🌹သွေးလွှမ်းနှင်းဆီ🌹 ရှင်သန်နေကတည်းက သေဆုံးဖို့ဆိုရင် ချစ်မိသွားကတည်းက ဝေးကွာသွားဖို့အတွက်ပဲ မဟုတ်ဘူးလား။ ငွေပန်းထိမ် အလျော့ပေးတိုင်းသာ ချစ်တယ်လို့သတ်မှတ်မယ်ဆိုရင် ကိုယ်ဟာ အမုန်းပေါ့။ ...