Part-12

102 3 0
                                    

သူမနေထိုင်ဖူးခဲ့သည့် အိမ်လေးသို့ ရောက်သည်ဆိုလျှင်ပဲ မျက်ရည်တို့က ဝဲတက်လာလေ၏။ငွေ မှားသွားတယ်ကြီးကြီးရယ်။‌ကြီးကြီးကို တစ်ယောက်တည်း မထားခဲ့သင့်ဘူး။

"သမီးလေး ရောက်လာပြီလား"

အိပ်ရာထဲတွင် လှဲနေသော ကြီးကြီးအားကြည့်ကာ သူမ အတော်စိတ်မကောင်းဖြစ်သွားသည်။အနည်းငယ်ပိန်သွားသော ခန္ဓာကိုယ်နှင့် မျက်ကွင်းညိုညိုတို့က ကြီးကြီး၏ အခြေအနေကို ဖော်ပြနေပါ၏။

"ကြီးကြီးရယ်......ဘယ်လိုဖြစ်တာလဲ။သမီးမှားတာပါ။ကြီးကြီးကို တစ်ယောက်တည်းထားပြီးမသွားခဲ့သင့်ဘူး။ငွေ့အမှားပါ"

"အဲ့လိုလည်းမဟုတ်ပါဘူးကွယ်။ကြီးကြီးလည်းဘာမှ ဖြစ်တာမှ မဟုတ်တာ။ဟိုမှာက ကျောင်းတက်နေတယ်မဟုတ်လား။ဘာလို့ လိုက်လာရတာလဲကွယ်။"

"အဲဒါတွေက အရေးမကြီးပါဘူးကြီးကြီးကလည်း။အဓိက က နေပြန်ကောင်းလာဖို့ပဲ။ဘာစားပြီးပြီးလဲကြီးကြီး"

"ငါမလာခင်ကပဲ ဆန်ပြုတ်တိုက်ထားသေးတယ်။"

ဘေး၌ရှိသော သိမ့်က ဝင်ဖြေပေးလေ၏။ထိုအခါမှ ‌မာန်နှင့်သိမ့်ကို ပြန်သတိရလေတော့သည်။ကြီးကြီးက သူမဘဝမှာ အရေးပါလွန်းတဲ့ လူတစ်ယောက်ပါလေ။

"အင်း။ခဏနေကျရင် လိုတာလေးတွေ ဘာတွေသွားဝယ်ချင်တယ်။အဲဒါ......"

"ငါအားတယ်။ငါလိုက်ပို့မယ်"

အားတက်သရောပြောလာသော မာန့်ကို သူမကြည့်ကာ အားနားမိ၏။အမှန်အတိုင်းပြောရရင် ရည်းစားဟောင်းနဲ့ ပြန်ပြီး သွားသွားလာလာ မလုပ်ချင်ပါ။ကူညီပေးတာကိုကျေးဇူးတင်ပေမယ့် တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ခဲ့ပါပြီ။

"နေပါစေ။ငါသိမ့်နဲ့ပဲ သွားမှာပါ။လာကြိုပေးတယ့်အတွက်လည်း ကျေးဇူးတင်ပါတယ်။"

"ရပါတယ်ဟာ။အချင်းချင်းတွေပဲ။သိမ့်ရော နင်ရော အဆင်ပြေမယ်ဆိုရင် တစ်ရက်လောက် အပြင်မှာ စကားပြောကြရအောင်လေ။မ‌တွေ့ရတာကြာပြီဆိုတော့....."

"အင်း"

ငွေ၏ ပြောပုံဆိုပုံတွေမှာ ပြောင်းလဲသွားသည်။သူ့အပေါကို စိမ်းရက်လေခြင်းဟုလည်းအပြစ်မတင်ရက်ပါ။ကုန်ဆုံးခဲ့ပြီးသော အချိန်တွေကိုသာ ပြန်ရချင်မိသည်မှာ သူအလိုချင်ဆုံးအရာဖြစ်၏။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ပျောက်ဆုံးနေသော သူ၏ ချာတိတ်မလေးကို မသိမသာ အားဖြင့် လည်းကောင်း၊ သိသိသာသာ အားဖြင့်လည်းကောင်း ရှာနေမိသည်။အရိပ်ကလေးမျှပင် မမြင်ရသည်မှာ တစ်ပတ်ပင်ရှိတော့မည်မဟုတ်လား။

"သား....ခြံထဲမှာ ခေါက်တုံ့ခေါက်ပြန့်လျှောက်ပြီး ဘာလုပ်နေတာလဲ။မေမေကြည့်နေတာ တစ်ရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်။"

"ဘာရယ်မဟုတ်ပါဘူးမေမေရာ....ဒီတိုင်းပဲ....."

"မေမေ့သား လူပျိုကြီးကတော့လေ မလိမ်တက်ပဲနဲ့ လိမ်နေပြန်ပြီ။ဟိုဘက်ခြံက မမသီတာတို့ရဲ့ တူမလေးလား။ဟင် ပြောပါဦးမေမေ့ကို"

သူနှင့်အတူဒန်းပေါမှာ လာထိုင်ကာ မျက်နှာတည့်တည့်ကို ကြည့်မေးနေသော မေမေကြောင့် သူမနေတက်တော့။ကိုယ်တော့ ခက်ပြီ ချာတိတ်ရေ။

"သားလည်း သေချာမသိသေးပါဘူး။ဒါပေမယ့် အဲဒီကောင်မလေးကို မြင်လိုက်တိုင်း ညှာ့ကို မြင်ရသလိုပဲ မေမေရယ်။နည်းနည်းလေးစွာတာက လွဲလို့ပေါ့။"

"မဟုတ်သေးပါဘူးသားရယ်။ကလေးမလေးကို ချစ်ရင်လည်း ချစ်တယ်ပေါ့။ဘယ့်နှယ့်ညှာနဲ့ သွားယှဉ်ရသလဲကွယ်။မေမေ့အထင်တော့ သားညှာလေးကို မမေ့နိုင်သေးဘူးမလား"

".........."

သူဘာမှပြန်မဖြေခဲ့။ဆိတ်ငြိမ်ခြင်းဟာ ဝန်ခံခြင်းဆိုရင် သူဝန်ခံသလိုဖြစ်သွားမလား။ဒါပေမယ့် ငြင်းလည်း မငြင်းချင်ပါ။တကယ်ဝေခွဲရခက်နေပြီချာတိတ်ရေ။ဖြစ်နိုင်ရင် မင်းကိုပဲ တွေ့ချင်နေမိတယ်။ဘယ်မှာလဲကွာ......။အတွေးတို့ဖြင့် ထိုညက သူပိပ်မပျော်ခဲ့ပါ။ခူးချင်သူတွေ ဝိုင်းနေတဲ့ မင်းကို ခူးယူခွင့်မပြောနဲ့။အနားလေးတောင် အကပ်မခံနိုင်တာပါ။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

"ဟယ်လို....အန်တီနီလာလား"

"ကျွန်တော် နေမင်းပါ။ပန်းကလေးအခုသွားတဲ့ နေရပ်လိပ်စာ အတိအကျကို ပြောပြလို့ရမလား "

"ဟုတ်ကဲ့။ကျေးဇူးပါဗျ။"

သူ့ကို ယုံကြည်စွာပေးလိုက်သည့် လိပ်စာအား သေချာမှတ်ထားလိုက်သည်။ကိုယ်မင်းဆီကို လာတော့မယ် ပန်းကလေး။မတွေ့ရတဲ့ တစ်ပတ်အတွင်း မင်းအသံစူးစူးလေးကိုပဲ ဖြစ်ဖြစ်၊ရဲနေတဲ့ မင်းရဲ့ ပါးပြင်လေးကိုပဲ ဖြစ်ဖြစ် တွေ့ချင်နေတယ်။အမြန်ဆုံးလာခဲ့မယ်။ပန်းကလေး....။ထုံးစံအတိုင်းအောင်နိုင်သူပြုံး ပြုံးလိုက်သူမှာ သူမ မုန်းသော သူ။

Part-13..................…..

Bloody roseTahanan ng mga kuwento. Tumuklas ngayon