Part -2

99 4 0
                                    

"ငွေ.....မာန်ကနေ့လယ်ကျောင်းဆင်းကျရင် စာကြည့်တိုက်နားက တမာပင်မှာ သူ့ကိုလာတွေ့ပါတဲ့။"

အနားသို့ တိုးကပ်ကာ ပြောလာသော သိမ့်ကို မယုံကြည်နိုင်စွာကြည့်မိသည်။မာန်က ခေါ်သည်တဲ့လား။တစ်ခါမှလဲ မချိန်းဖူးသလို ယခုကဲ့သို့ လာတွေ့ဖို့ မပြောဖူးပါ။ဘာစိတ်ကူးပေါက်လဲမသိပေမယ့် စိတ်လှုပ်ရှားနေမိ၏။

"ဟုတ်လို့လားသိမ့်ရယ်။ငါတော့မထင်ဘူး။"

"ဪ....။မဟုတ်ဘဲနဲ့ နင့်လာပြောပြီး ငါက ဘာလုပ်ရမှာလဲ။ဒါနဲ့လေ သွားတွေ့ရင် ဘာတွေပြောလဲ ဆိုတာ ငါ့ကိုပြန်ပြောပြနော်ငွေ။ငါလည်းသိချင်တယ် "

"ဒါမျိုးကျ သိချင်တယ်ပေါ့ ငသိမ့်မ။"

"ငွေပန်းထိမ်နဲ့ သိမ့်နုဖွေး တိုးတိုး တိုးတိုးနဲ့ဘာတွေပြောနေကြတာလဲ။မတ်တပ်ရပ်လက်မြှောက်...."

ဆရာမ၏ အသံကြောင့် ငွေ့ရင်ထဲတွင် ဒိန်းခနဲ ဆောင့်ခုန်သွားသည်မှာ မာန့်ကို အ‌ဖြေပေးစဉ်က ရာခိုင်နှုန်းထက် ဆယ်ဆသာသည်။

သွားချေပြီ။မရှိမဲ့ ရှိမဲ့ သိက္ခာတွေ အကုန် ကုန်လေပြီ။ဆရာမတစ်ယောက်လုံးကို သတိမထားမိတော့သည်အထိ စိတ်လှုပ်ရှားရကောင်းလားဟု ကိုယ့်ကိုကိုယ် အပြစ်တင်မိ၏။ဖြစ်နိုင်လျှင် အငွေ့ပျံပြီး ပျောက်သွားချင်သည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ထမင်းစားပြီးသည်နှင့် စာကြည့်တိုက်ဘက်သို့ ဦးတည်နေသော ခြေလှမ်းများနောက်သို့ သူမလိုက်ပါခဲ့၏။တမာပင် အကွယ်၌ ရပ်နေသော မာန့်ကို ဦးစွာမြင်လိုက်ရစဉ် နောက်နေတာမဟုတ်မှန်းသိလိုက်ရသည်။

"ငါ မန္တလေးသွားရတော့မယ်"

ငွေ့ရင်ထဲတွင် ဟာခနဲဖြစ်သွား၏။မာန့်ကို တွေ့ချင်တိုင်းတွေ့လို့ မရနိုင်ပါလားဆိုသည့် အသိက ဝိုးတဝါးဖြစ်စေသည်။

"နင်မတားတော့ဘူးလား ငွေ။"

"ငါတားရင်ရော နင်က မသွားပဲနဲ့ နေမှာမို့လို့လား"

"ကြိုးစားမှာပေါ့"

"တော်ပါပြီ။မကြိုးစားနေပါနဲ့တော့။ငါလည်း မတားပါဘူး။နင်ဘဝ တိုးတက်ရေးပဲ မဟုတ်လား။ငါ့ကိုတော့ သတိရနေပေးပါ။သစ္စာရှိ‌ဖို့တော့ မတောင်းဆိုပါဘူး။လူတစ်ယောက်ရဲ့ စိတ်ကို ထိန်းချုပ်နိုင်တဲ့ ပါဝါ ငါ့မှာ မှမရှိတာ။"

Bloody roseWhere stories live. Discover now