"အန်ကယ်"
သင်းရတနာ အခေါ်ကိုစိုင်းစာအုပ်ဖတ်နေတာကနေ အကြည့်မလွဲပဲခေါင်းတချင်ငြိမ့်ပြကာ "အေး"ဟုထူးလိုက်သည်။
"ကယ်လေး လင်းသန့်ကိုအခုတလောလည်းမတွေ့ဖြစ်ဘူးနော်။အန်ကယ့်ကိုဖုန်းမဆက်ဘူးလား"
"မင်း ကယ်လေးငါ့ကိုဖုန်းဆက်တာ ဘယ်နှကြိမ်တွေ့ဖူးလို့လဲ"
ဟုတ်လည်းဟုတ်ပါသည်။လင်းသန့်ကတော်ရုံတန်ရုံဆို ဖုန်းသိပ်မဆက်တတ်။အရေးကြီးမှသာ ဖုန်းဆက်တတ်သည်။ပုံမှန်ကတော့ တပတ်နှစ်ကြိမ်အိမ်လာလည်ပြီး ပြောစရာရှိတာပြောသွားသည်။
သို့သော် အခုတလော အိမ်ကိုမလာတာ2ပတ်ရှိသွားပြီဖြစ်သည့်အပြင်
ဖုန်းလည်းတချက်မှမဆက်သောကြောင့် တူမတော်က မေးခြင်းဖြစ်ပါလိမ့်မည်။"ဒါနဲ့အန်ကယ် ဘာစာအုပ်ဖတ်နေတာ...
စာအုပ်ဖတ်ရတာမကြိုက်ဘူးထင်နေတာ""သက်ပိုင်ရေးထားတဲ့ဟာ.."
စိုင်းထိုကဲ့သို့ဖြေတော့ သင်းရတနာက သိသားပဲဆိုသောပုံစံနှင့် နှာခေါင်းရှုံ့သည်။
"အင်းပေါ့ အန်ကယ့်ရဲ့ပေါက်စလေးရဲ့စာအုပ်ပဲ ဖတ်ရမှာပေါ့နော်"
သင်းရတနာ၏ စကားကြောင့်စိုင်းမျက်မှောင်ကြုပ်ကာကြည့်လိုက်တော့ ကလေးမ က ဇက်ကလေးပုဝင်သွားသည်။
"ဒါနဲ့ အန်ကယ်စက် လည်းမလာသေးဘူးနော်"
"အေး"
ထိုအချိန်မှာပဲ စိုင်း၏လက်ကိုင်ဖုန်းမှ အသံမြည်လာပြီး ဘယ်သူလဲကြည့်လိုက်တော့ ညီဖြစ်သူ စိုင်းအောင်လင်းသန့်။
အသက်တွေလည်းရှည်ပါဦးမယ်။"အေးလင်းသန့်"
*........*
"ဟမ် ချစ်သူရသွားတယ်?မင်းဘာကိုဆိုလိုတာလဲ?"
*........*
"အဲ့တာဆို အိမ်ရောက်မှ ဆွေးနွေးကြတာပေါ့..အေးအေး"
စိုင်း ဖုန်းချအပြီးမှာတော့ သင်းရတနာအားတချက်လှည့်ကြည့်လိုက်သည်။
တူမတော်ကလည်း ဘာဖြစ်ကုန်တာလဲဆိုတဲ့ပုံစံနဲ့ ပြူးတူးပြဲတဲ။"ဘာတဲ့လဲ ကယ်လေး
ကဘာပြောတာလဲ...ချစ်သူ?ဘယ်ကချစ်သူလဲ..သူ့ချစ်သူက အန်ကယ်စက်မဟုတ်လား"
![](https://img.wattpad.com/cover/338238499-288-k143435.jpg)
YOU ARE READING
In Love With An Old Mafia(Complete)
Любовные романы****** Start Date-Mar.31.2023 End Date-Nov.17.2023 *****