စိုင်း သူ၏မျက်နှာကိုမှန်ထဲ ပြန်ကြည့်လိုက်ရင်း အသက်ပြင်းပြင်းတချက်ရှူလိုက်သည်။
"စိတ်လှုပ်ရှားနေလား ကိုကြီး"
ဘေးမှ လင်းသန့်က မျက်နှာအရိပ်အကဲကြည့်၍မေးလာခြင်း၊
စိုင်း ခေါင်းအားတချက်ငြိမ့်ပြလိုက်ရင်း"ဘယ်သူက ကိုယ့်မင်္ဂလာပွဲမှာ
စိတ်မလှုပ်ရှားပဲနေမလဲကွ"ဟုတ်ပါသည်၊
ယနေ့ဟာ သက်ပိုင်နှင့်သူ၏လက်ထပ်ပွဲနေ့ဖြစ်ပြီး ထိုကောင်လေးအားတသက်တာပိုင်ဆိုင်ဖို့အတွက် သက်သေထူသည့်ရက်တရက်ပင်။
သက်ပိုင် လက်ထပ်ခွင့်တောင်းပြီး
တလအကြာ၌ လက်ထပ်ပွဲကိုစီစဥ်ခဲ့ခြင်းဖြစ်၍ နောက်ဆုံးတော့ရောက်လာခဲ့ပြီပင်။"ကျွန်တော်လည်း ကိုစက်နဲ့မြန်မြန်လက်ထပ်ချင်လှပြီ"
အမောင်လင်းသန့်က
ရယ်ရင်းနှင့် သူ၏ရင်ဘတ်ရှိ suitအိတ်ထောင်ထဲသို့ အနီရောင်နှင်းဆီပန်းကလေးတပွင့်အား ထည့်ပေးလာသည်။"ကျွန်တော်က အရင်လက်ထပ်ခွင့်တောင်းခဲ့ရဲ့သားနဲ့
ကိုကြီးက ဘာလို့အရင်လက်ထပ်ရတာတုန်း""နောက်ကားက ကျော်မတက်ချင်စမ်းနဲ့"
စိုင်းက မျက်ခုံးပင့်ကာဖြင့်
လင်းသန့်အား ခနဲ့သည့်ပုံစံနှင့်ကြည့်လိုက်တော့ လင်းသန့်က မျက်ဆံလှန်ပြသည်။"ကိုကြီး မှန်ထဲကိုကြည့်လိုက်"
လင်းသန့်က မှန်ချပ်အကြီးကြီးရှေ့သို့ခေါ်သွားပြီး သူ၏ဘေးတွင်အတူလာရပ်သည်။
"ကျွန်တော်တို့ ရန်ဖြစ်ခဲ့ကြတဲ့ငယ်ငယ်တုန်းကအချိန်တွေကမနေ့တနေ့တုန်းကလိုပဲနော်...
ကိုကြီးတောင်လက်ထပ်တော့မယ်၊
ဒါပေမဲ့ ကိုကြီးသိလား၊ကျွန်တော်လေတကယ်ပျော်တယ်။
ကိုကြီးကို ဟိုးအရင်ကတည်းက ဟိုလောကထဲကနေထွက်ပြီး
ကိုယ်ချစ်တဲ့သူနဲ့ပျော်ပျော်နေစေချင်ခဲ့တာ...ကြည့်ရတာ အကိုသက်ပိုင်က ကိုကြီးကိုပျော်ရွှင်စေမဲ့သူထင်ပါရဲ့"စိုင်း အဖြူရောင်suitဝတ်စုံပြည့်ဝတ်ထားသည့် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်ရင်း ပြုံးလိုက်မိသည်။
ရင်ဘက်မှာထိုးထားတဲ့ နှင်းဆီပန်းကလေးအားကြည့်ရင်းနှင့်
![](https://img.wattpad.com/cover/338238499-288-k143435.jpg)
YOU ARE READING
In Love With An Old Mafia(Complete)
Romansa****** Start Date-Mar.31.2023 End Date-Nov.17.2023 *****