Part-2

6.8K 433 39
                                    

ခပ်ဖျော့ဖျော့ လရောင်အားငေးကြည့်ရင်း စိုင်း ဘေးရှိပေါက်စလေးကို
မေးခွန်းတစ်ခုအားမေးလိုက်သည်။

"ငါမင်းကိုမွေးစားလိုက်ရင်ကောင်းမလား"

သူ၏စကားကိုကြားတော့ ပေါက်စမျက်လုံးဝိုင်းဝိုင်းကလေးများဖြင့် မော့ကြည့်လာသည်။
တကယ့်ကို ခွေးပေါက်ကလေးအတိုင်း။

ဘာလိုလိုနဲ့ သူပေါက်စနဲ့သိတာ 1လနီးပါးပင်ရှိခဲ့ပြီဖြစ်သည်။

ညညဆို နောက်ဖေးလမ်းကြားမှာလာလာထိုင်နေတက်တဲ့ ပေါက်စနဲ့စကားပြောရတာဟာ စိုင်းအတွက်တော့ အကျင့်သေးသေးလေးတစ်ခုတောင်ဖြစ်လို့နေပြီ။

ဒီလိုနဲ့ပဲ ဒီပေါက်စလေးကို ပိုပိုပြီးသံယောဇဥ်တွယ်လာရမိ၏။

"မေးနေတယ်လေ ပေါက်စ။
ငါ့ရဲ့တူလေးဖြစ်ချင်လားလို့"

ဖြူစင်လှတဲ့ ကလေးလေးတစ်ယောက်ကို သူ့လို လူမိုက်တစ်ယောက်ရဲ့ဘဝထဲဆွဲမသွင်းချင်ခဲ့ပေမဲ့ မတတ်နိုင်၊
သူဒီပေါက်စကို သိပ်ကိုသံယောဇဥ်တွယ်နေပြီဖြစ်၏။

အဲ့တာထက် သူမကြာခင်မှာ နယူးယောက်ကိုသွားရတော့မှာဖြစ်၍ ပြန်လာဖြစ်ဖို့မသေချာချေ။
ထို့ကြောင့် ပေါက်စကိုဒီမှာတစ်ယောက်တည်းထားခဲ့ဖို့အတွက်စိတ်မချနိုင်ဖြစ်နေမိ၏။

သူ့နေတဲ့ပတ်ဝန်းကျင်က ဆိုးဝါးလွန်းပေမဲ့လို့ ပေါက်စကိုဆံချည်တစ်မျှင်ကလေးမျှ မထိခိုက်အောင် သူ ကာကွယ်ပေးနိုင်ပါ၏။

တဖက်မှာ ဒီကလေးလေး သူပြောတာကိုလက်ခံဖို့မျှော်လင့်နေမိသလောက်
တစ်ဖက်မှာလည်း ငြင်းဆန်ဖို့မျှော်လင့်နေမိပြန်၏။

"ကျွန်တော်က လေးလေးငယ်ရဲ့တူ
မဖြစ်ချင်ဘူး"

ပေါက်စ၏ အဖြေကြောင့် စိုင်းတစ်ယောက်မျက်ခုံးပင့်သွားရသည်။

သူကဘာလို့ ငါ့တူ မဖြစ်ချင်ရတာလဲ။

"ဘာလဲ မင်းကငါ့သားဖြစ်ချင်လို့လား"

"လေးလေးငယ်!
သားစိတ်ဆိုးလိုက်မှာဗျ.."

ပေါက်စ စူပုတ်စွာပြောရင် အခြားတဖက်သို့လှည့်သွားသည်။
သူစိတ်ဆိုးပါတယ်ပေါ့။

In Love With An Old Mafia(Complete)Where stories live. Discover now