တနှစ်ကြာပြီးနောက်~
တံခါးဖွင့်သံနှင့်အတူ အိမ်ထဲသို့ ဝင်လာသော လေးလေးငယ်အား သက်ပိုင်ရေခွက်အားကိုင်ထားရင်းနှင့် နံရံတွင်မှီရင်းကြည့်နေမိသည်။
လေးလေးငယ်က သူ့ကို မြင်တော့ သူ့အနားသို့ချက်ချင်းရောက်လာကာ လာရောက်ပွေ့ဖက်၏။
သက်ပိုင် အသာပြုံးလိုက်ရင်း ရေခွက်ကိုနံဘေးရှိစားပွဲပေါ်တွင်ချလိုက်ကာ လေးလေးငယ်အား ပြန်လည်ပွေ့ဖက်လိုက်သည်။"မအိပ်သေးဘူးလား ဆယ့်တစ်နာရီတောင်ထိုးနေပြီ"
"ကျွန်တော့်ရဲ့ လေးလေးငယ်ကိုစောင့်နေတာပေါ့ဗျ"
"အတတ်ကလေး"
"အများကြီးပင်ပန်းနေတာလား လေးလေးငယ်"
"အင်း ခုနကပင်ပန်းနေပေမဲ့ မင်းကိုဖက်လိုက်ရတော့အဲ့လောက်မဟုတ်တော့ဘူးရယ်"
လေးလေးငယ်၏အပြောကို သဘောကျစွာဖြင့် သွားတန်းကလေးများပေါ်အောင်ရယ်လိုက်ရင်း လေးလေးငယ်၏နဖူးလေးအား နမ်းလိုက်သည်။
"လေးလေးငယ်ကလည်း အတတ်ကလေးပါပဲခင်ဗျာ၊
နောက်ကျနေပြီ အဝတ်အစားလဲတော့လေ"သက်ပိုင် ထိုသို့ပြောလိုက်တော့
လေးလေးငယ်က နာခံစွာဖြင့် အိပ်ခန်းထဲသို့ဝင်သွား၏။
သက်ပိုင်လည်း ရေခွက်အား ပန်းကန်စင်၌ပြန်လည်တင်ထားလိုက်ရင်း အိပ်ခန်းထဲသို့အနောက်မှလိုက်၍ ဝင်လိုက်၏။သူဝင်တဲ့အချိန်တွင် လေးလေးငယ်က အဝတ်အစားလဲနေ၍ သူ့အားကျောပေးထား၏။
ကျောပြင်ဖြူဖြူထက်ရှိ ကျားခေါင်းပုံတက်တူးကြီးက ထည်ထည်ဝါဝါတည်ရှိနေပြီး ဘယ်ဘက်လက်တစ်လျှောက်ရှိ အနောက်ရောင်တက်တူးများက မျက်လုံးပဒေဿရှိလှပေသည်။လေးလေးငယ်က အဝတ်လဲပြီးတော့ သက်ပိုင်ထိုင်နေသော ကုတင်ဘေးသို့လာ၍ သက်ပိုင်အား ခုန်အုပ်ကာ ကုတင်ပေါ်သို့လဲချလိုက်လေသည်။
ထို့နောက် သက်ပိုင်၏ရင်ဘက်ကျယ်ကျယ်ထက်၌ မျက်နှာအပ်ရင်း ငြိမ်ငြိမ်လေး အိပ်နေ၏။
"ဒီလိုကြီးနေရင် မသက်မသာဖြစ်မှာပေါ့ လေးလေးငယ်ရဲ့ တည့်တည့်အိပ်လေဗျာ"
![](https://img.wattpad.com/cover/338238499-288-k143435.jpg)
YOU ARE READING
In Love With An Old Mafia(Complete)
Roman d'amour****** Start Date-Mar.31.2023 End Date-Nov.17.2023 *****