"သက်ပိုင်"
စိုင်း သက်ပိုင်၏လက်အား တင်းတင်းဆုပ်ကိုင်ထားရင်းနှင့် ခေါင်းအားအောက်ကိုငိုက်ချထားမိသည်။
သူ သက်ပိုင်အားမျက်နှာမပြဝံ့ပါချေ။"အဲ့နေ့က ငါ..."
"လေးလေးငယ် ဒီကိုလာ"
သက်ပိုင်က သူ့အားလမ်းဘေးတစ်နေရာရှိခုံတန်းအလွှတ်ကလေးဆီသို့ဆွဲခေါ်သွား၍ ခုံပေါ်၏ထိုင်စေ၏။
သက်ပိုင်က သူ၏မျက်နှာချင်းဆိုင်မှာ ဒူးတဖက်ထောက်လျက်သား သူ့အားမော့ကြည့်နေသည်။စိုင်း၏ လက်နှစ်ဖက်အား သက်ပိုင်က အသာအုပ်၍ကိုင်လိုက်ရင်း
"ကျွန်တော် စိတ်ဆိုးနေတယ်
လေးလေးငယ်""လေးလေးငယ်က ကျွန်တော့်ကိုအော်တယ်...
အခြားကောင်နဲ့လည်းအတူရှိနေတယ်...
ပြီးတော့ ကျွန်တော့်ရဲ့ တစ်နှစ်ပြည့်ကိုတောင် မေ့နေတယ်..
ကျွန်တော်အရမ်းစိတ်ဆိုးနေတယ်""စိတ်မဆိုးပါနဲ့တော့....
ငါမင်းကိုလွမ်းတယ်...အိမ်ကိုပြန်လာပါတော့ ကျေးဇူးပြုပြီး"ထိုကဲ့သို့ အပြစ်ရှိသံတိုးတိုးကလေးနှင့်စကားဆိုလာသည့် လေးလေးငယ်ဟာသိပ်ကိုချစ်စရာကောင်းလှသည်။
သူလေးလေးငယ်ကိုစိတ်ဆိုးနေတာ
မှန်ပေမဲ့ ဒါဟာခဏပင်ဖြစ်လေသည်။
ချစ်ရသူကို ကြာကြာစိတ်မဆိုးရက်ပါ။
သိပ်ချစ်ရတာမဟုတ်လား။"လေးလေးငယ်က ကျွန်တော့်ကိုအိမ်ပြန်လာစေချင်တယ်ပေါ့"
"အင်း"
လေးလေးငယ်က ခေါင်းကိုတချက်အသာငြိမ့်ပြသည်။
ဘာကြောင့်မှန်းမသိ ယနေ့လေးလေးငယ်သိပ်လိမ္မာနေသည်ဟုသက်ပိုင်ထင်နေမိ၏။"ငါ့ကိုစိတ်မပျက်သွားပါနဲ့၊
လေးလေးငယ်မှားတာပါ..အဲ့နေ့ကမင်းကိုမအော်သင့်ဘူး၊ပြီးတော့ အရေးကြီးတဲ့နေ့ကိုမှမေ့သွားတယ်...""ကျွန်တော့််ကိုအရမ်းတကိုယ်ကောင်းဆန်တယ်လို့လေးလေးငယ်ထင်လား၊
ကျွန်တော်အရမ်းသဝန်တိုမိသွားတာ...ဒါကြောင့် အဲ့လိုမျိုးဖြစ်သွားရတာပါ၊လေးလေးငယ်နဲ့ပတ်သတ်ရင်အရမ်းလောဘကြီးတာလေးလေးငယ်ရဲ့"
![](https://img.wattpad.com/cover/338238499-288-k143435.jpg)
YOU ARE READING
In Love With An Old Mafia(Complete)
Romance****** Start Date-Mar.31.2023 End Date-Nov.17.2023 *****