Ringtones***
စားပွဲပေါ်ရှိမြည်လာသော ဖုန်းအားကိုင်လိုက်ကာ ပြန်လည်ဖြေကြားလိုက်တော့ တဖက်မှမျိုးဆက်၏
သြရှရှအသံဟာ ရီဝေဝေနှင့်။"ခန့်...."
စိုင်း မျက်မှောင်အားအနည်းငယ်ကျုံ့လိုက်မိရင်း အလိုမကျစွာပြန်လည်ဖြေမိသည်။
"သောက်ထားတာလား"
"လာခဲ့ပေးမလား"
"ဘာ?"
"ငါ့ဆီကိုလာခဲ့ပေးလို့ရမလားလို့"
မျိုးဆက်၏လေသံဟာ ခခယယတောင်းဆိုနေသည့်လေသံမျိုးမို့ စိုင်းလည်းမငြင်းသာ၍ "အင်း"ဟုသာပြော၍ မျိုးဆက်ရောက်နေသောဘားဆီသို့ ကားနှင့်ထွက်လာခဲ့လိုက်တော့သည်။
ဘားအတွင်းသို့ဝင်လိုက်တော့
အထက်တန်းဆန်ဆန်အပြင်အဆင်
တို့ဟာ ပြည့်နှက်နေလျက်။လူများကြားထဲသို့
မျက်လုံးအား ဝေ့ကာကစားလိုက်တော့
ဘား၏ အနောက်ဘက်ကျကျစားပွဲ၌
မျိုးဆက်အား တွေ့လိုက်ရ၏။အရက်ခွက်အား လက်နဲ့ကိုင်ထားရင်း ထိုင်ခုံ၏အနောက်သို့စိတ်ပျက်လက်ပျက်နှင့်မှီထားသွင်ပြင်
မှာ လူငယ်တစ်ယောက်ကဲ့သို့။စိုင်း မျိုးဆက်ထိုင်နေသောဝိုင်းဆီသို့လျှောက်သွားလိုက်ရင်း
ဝိုင်းဆီသို့အရောက်တွင်တော့ မျိုးဆက်၏ပုခုံးအားလက်နှင့်ပုတ်လိုက်၏။ထိုအခါမျိုးဆက်က မျက်လုံးအားလေးပင်စွာဖွင့်လာရင်း
သူ့ကိုမြင်သည့်အချိန်တွင်တော့ နှုတ်ခမ်းတို့အားကွေးညွှတ်၍ပြုံးပြ၏။"ရောက်လာပြီ..လား..ခန့်"
"ခန့်လို့မခေါ်နဲ့"
စိုင်းလေသံအားခပ်မာမာပြောလိုက်တော့ မျိုးဆက်၏မျက်ဝန်းတို့က ကြေကွဲမှုအသွင်သို့ချက်ချင်းပြောင်းလဲသွား၏။
"ငါ့ကိုမစိမ်းကားပါနဲ့လား"
စိုင်း မျိုးဆက်အားငုံ့ကြည့်နေရင်းဘာမျှမပြောမိ မျက်မှောင်ကိုသာခပ်သာသာကျုံ့ထားမိတော့သည်။ဒါဟာသူ၏အဖြေပင်။
မျိုးဆက်က မတ်တပ်ရပ်နေသောသူ့အား ဝမ်းနည်းဖွယ်မျက်ဝန်းတို့နှင့်မော့ကြည့်လာရင်း နာကျင်စွာဖြင့် ခပ်ဟဟရယ်သည်။
ရယ်သံဟာတော့သေချာပေါက်ခြောက်ကပ်နေခဲ့ပါသည်။

YOU ARE READING
In Love With An Old Mafia(Complete)
Romantik****** Start Date-Mar.31.2023 End Date-Nov.17.2023 *****