Part-1

95.3K 946 41
                                    

Red flag zone

Part-1

" အမလေး ကုန်ပါပြီတော်! အရပ်ကတို့ရေ ကြည့်လှည့်ပါဦး "

အင်မတန်ချမ်းသာလှတဲ့တိုက်အိမ်ကြီးထဲကနေ ထွက်လာတဲ့အသံကြောင့် ရပ်ကွက်ထဲကလူတွေစိတ်ဝင်စားခဲ့တော့သည်။လူတွေစုရုံးကာအိမ်ရှေ့ကို သွားကြည့်ရင်းစနည်းနာတော့

" သူခိုးခိုးခံရတာပါတော်၊ ကိုယ့်အစွမ်းအစနဲ့ကြိုးစားထားသမျှကို ခဏလေးအတွင်းသောက်သူခိုးကခိုးသွားတာတော့်! အမလေး သေချင်းဆိုးသူခိုး သွားလေရာချီးကားတိုက်သေပါစေတော် "

ဪ အဲ့သလိုကိုး၊ သူခိုးခိုးခံရတာမှန်းအခုမှပဲလူတွေ ဇာတ်ရည်လည်တော့တယ်။ကဲ ချလိုက်ပါဦး ငိုခြင်း။ လူတွေလဲတစ်ဖြည်းဖြည်းဖယ်ဖယ်သွားကြရင်း ခိုးခံရတဲ့အိမ်ကလူတွေသာကျန်ခဲ့လေသည်။

ကဲ ဒီလိုဗျ၊ ခိုးသွားတာတစ်ခြားတော့မဟုတ်ဘူး ကျုပ်ပဲ။ပြောရရင်ကျုပ်ကသူခိုးပေါ့ဗျာ၊ ဒီအိမ်ကချမ်းသာတယ် ဒါပေမဲ့သိပ်ပြီးလူမှုဆက်ဆံရေးတော့မကောင်းဘူး၊ မိမဆုံးမ ဖမဆုံးမတွေအိမ် လူတွေကိုဆိုမတူမတန်သလိုလုပ်နေကြ။ အခုတော့ဘာတတ်နိုင်လဲ တစ်ဝက်လောက်ကကျုပ်ဆီမှာလေ။ ဪ ရဲတိုင်လို့လဲမိမယ်မထင်နဲ့နော် ကျုပ်သူခိုးလုပ်လာတာဝါရင့်နေပြီ ဖင်တုံးလုံးနဲ့လမ်းလျှောက်တတ်ထဲကခိုးလာတာ။ အေးဆေးပဲ။

အိမ်ရှေ့ကနေခပ်တည်တည်နဲ့ လွယ်အိတ်လေးလွယ်ကာဖြတ်လျှောက်ရင်း ထိုလူတွေကိုသနားစွာဖြင့် စုတ်တသပ်သပ်ပေါ့။

" စိတ်မကောင်းလိုက်တာဗျာ ကျွတ်စ် ကျွတ်စ် "

ခေါင်းလေးယမ်းကာကိုယ့်လမ်းကိုယ်ဆက်လျှောက်ပြီး ဘတ်ထရီဘီးလေးကိုဒေါက်ဖြုတ်လိုက်သည်။ကောက်ခနဲတက်စီးလာရင်း ဦးထုပ်ကိုဆွဲချွတ်ရင်းပါးကအရစ်ကြောင်းလေးတွေ ပေါ်တဲ့ထိနှစ်ခြိုက်စွာရယ်မိသည်။ပြောဖို့မေ့နေတာ

" မင်းခေါင် ကျုပ်နာမည်မင်းခေါင်၊ စောရမင်းခေါင် ပါဠိလိုကစောရ မြန်မာလိုသူခိုးပေါ့ဗျာ၊သူခိုးပေမဲ့လဲ ဂုဏ်နဲ့နေချင်တာလေ အဲ့တော့လဲအထင်ကြီးအောင်နာမည်ပေးရတာပေါ့၊ စောရမင်းခေါင်တဲ့ "

Red Flag Zone 🚫{ The Thief Who Stole My Heart}Where stories live. Discover now