Part-41
အိပ်နေရာကနေရုတ်တရတ်လန့်နိုးသွားတာမို့ မင်းခေါင်နားကပ်မယ်ကြံတော့ သူကမရှိပေ။ မျက်သွယ်ဘေးမှာလွတ်နေတာမို့ လက်နဲ့စမ်းရင်းထထိုင်တော့ သူဘယ်ရောက်နေလဲမသိတာနဲ့ အပြင်ထွက်လာခဲ့သည်။ သူကအိမ်ရြေှ့ပတင်းပေါက်နားက ဆိုဖာပေါ်မှီကာဆေးလိပ်သောက်ရင်း အဝေးကိုငေးကြည့်နေသည်။ အောက်ကရှုံ့ကြိုးနဲ့ဘောင်းဘီရှည်သာပါပြီး အင်္ကျီမဝတ်ထားလို့ဒဏ်ရာတချို့ကိုမြင်နေရသည်။
"မင်းခေါင် "
မျက်သွယ်လှမ်းခေါ်တော့ ဆေးလိပ်သောက်နေရင်းကနေ လှမ်းကြည့်ပြီးမေးဆတ်ပြသည်။
"ရှင်မရှိလို့လန့်နိုးသွားတာ"
မျက်သွယ်သူ့နားလျှောက်သွားတော့ ဆေးလိပ်ကိုင်ထားတဲ့လက်ကို ပြတင်းပေါက်အပြင်ဘက်ထုတ်ပြီး သူ့နားထိုင်လို့ရအောင်လုပ်ပေးသည်။
"ရှင့်ပေါင်ပေါ်ထိုင်ချင်လို့"
မျက်သွယ်ပြောတော့တစ်ချက်ပဲမော့ကြည့်ပြီး ခြေချိတ်ထိုင်နေရာကနေဖြေကာ ခြေနှစ်ဖက်ဆင်းထိုင်ပြီးအလယ်မှာနေရာချန်ကာ
"လာ "
"ရှင်ဘာလို့မအိပ်သေးတာလဲ"
"တရေးနိုးတာ မင်းသွားအိပ်လေ ငါလာခဲ့မယ်"
သူ့ခြေထောက်ကြားဝင်ထိုင်ပြီး သူ့ကိုမှီလိုက်ရမှလူကနေသာသွားသလို။ သူကခေါင်းကိုပြတင်းပေါက်ဘက်ထားပြီး အငွေ့တွေကိုမျက်သွယ်ဘက်မရောက်အောင်လုပ်ပေးသည်။ မျက်သွယ်စောင်တစ်ထည်ပြန်သွားယူတော့ သူကကြည့်ပြီးဘာမှမပြော။ အနားရောက်မှသူ့ပေါင်ပေါ်ဆွဲတင်ကာ စောင်ခြုံပေးသည်။
"ငါ့ကိုဘာလို့ကပ်နေတာလဲ၊ မင်းပဲငါ့ကိုမုန်းတယ်ဆိုပြီးတော့"
"ကလေးပဲရနေပြီကို မုန်းရဦးမှာလား။"
"အသိတရားရသွားပြီပဲ။ အထဲသွားအိပ်တော့"
"အိပ်ချင်ဘူး ဒီနားကအေးတယ်၊ အိပ်ရအောင်"
"မောင်အိပ်မပျော်ဘူးကွ၊ မင်းဒီမှာအိပ်"
မျက်သွယ်ကိုဆိုဖာနဲ့သူ့ကြားထည့်ပြီး နွေးအောင်ဖက်ထားသည်။ သူကအအေးကြိုက်လို့ အရမ်းအေးရင်တောင်စောင်ပါးလေးပဲခြုံတာ။ မျက်သွယ်ကိုစောင်ထဲလုံးထားပြီး ဆေးလိပ်မီးသတ်ကာဖက်ထားသည်။ မျက်သွယ်စောင်ပုံထဲကနေ ခေါင်းလေးပဲပေါ်တာမို့ လက်ချောင်းလေးထုတ်ကာ သူ့မျက်နှာကိုကိုင်ကြည့်လိုက်သည်။

VOCÊ ESTÁ LENDO
Red Flag Zone 🚫{ The Thief Who Stole My Heart}
RomanceStart date- 30 April 2023 End date- 10 Aug 2023 ပညာတတ်မိန်းမက သူခိုးတစ်ယောက်နဲ့မှပတ်သတ်မိခဲ့လျှင်၊ မချစ်ပဲလက်ထပ်ခဲ့ရလျှင် ကံကြမ္မာကရက်စက်ရာကြတာပေါ့။ ဒီလိုအမုန်းတွေကြားကခပ်ကြမ်းကြမ်းဇာတ်လမ်းကို နာမည်ပေးရရင် Red Flag zone🚫။ အလံနီပြထား၏ မည်သူမှမဝင်ရ။ ပ...