Part-27 Zaw gyi and Unicode

18.8K 582 23
                                    

Part-27

"အဟွတ် အဟွတ် ချမ်းတယ်၊"

စောင်ထဲထုတ်ကာခေါင်းပဲဖော်ထားပြီး ဖက်ခံထားရသည့်တိုင် မျက်သွယ်တဂစ်ဂစ်မြည်အောင်ချမ်းနေသည်။ မျက်လုံးဖွင့်ကြည့်တော့ ဟိုလူ့ငနွားကြီးကအိပ်မောကျနေသေးတယ်။ မျက်သွယ်ရှိစုမှတ်စုအားကုန်ထုတ်ကာ ရင်ဘက်ကိုဗြန်းခနဲချလိုက်သည်။

"အား သရဲ သရဲလားကွ၊ လီးလား"

"ဒီမှာ! ကျွန်မနှိုးတာ"

သူ့ကိုရိုက်တော့ကြောက်အားလန့်အားနဲ့ ပြူးပြာကာထထိုင်သည်။ မျက်သွယ်ပြောတော့မှသူ့ရင်ဘက်သူပွတ်ကာ အနားကိုကပ်သပ်ဖက်ထားသည်။

"မိန်းမကလဲကွာ ရိုးရိုးနှိုးစမ်းပါ၊ မိုးလင်းလို့လား"

"မဟုတ်ဘူး ကျွန်မအရမ်းချမ်းလို့"

"ပူအောင်လုပ်ပေးရမှာလား ခဏလေး"

စကားမဆုံးသေး ဒင်းကပုဆိုးတောင်ချွတ်ဖို့လုပ်နေသေးတယ်။ မျက်သွယ်ဒေါသထွက်လာတာနဲ့ ခြေထောက်နဲ့ကန်ကာ

"ရူးနေလား ရှင့်ကြောင့်ကျွန်မဖျားနေပြီလေ။ ဆေးသွားယူပေး"

"ဪ ပြောလေအဲ့လို၊ စေတနာနဲ့ပူအောင်လုပ်ပေးမလို့ကို"

"အောင်မာ သူကပဲပြန်ပြောရသေးတယ်"

ပုဆိုးကိုပြောင်းပြန်ဝတ်ကာထွက်သွားတာမို့ လှမ်းတားချိန်ပင်မရလိုက်။ မျက်သွယ်လှုပ်တောင်မလှုပ်နိုင်အောင် ကိုက်ခဲပြီးနာကျင်နေတာ။ နာရီကြည့်တော့အခုမှညကိုးနာရီ။

"အစောကြီးရှိသေးတာပဲ"

မျက်သွယ်အသာလေးထကာ သူ့ပုဆိုးတစ်ထည်ကိုကောက်ဝတ်ပြီး ရေချိုးခန်းထဲဝင်လာခဲ့သည်။ ညစ်ပတ်နံစော်နေလို့ရေချိုးဖို့လုပ်တော့လဲ စပ်ဖြင်းဖြင်းနဲ့နာလိုက်တာမှ။ မျက်သွယ်ငိုမိမတတ်အရမ်းနာနေတာမို့ ရေမြန်မြန်ချိုးကာထွက်လာခဲ့သည်။

"ဪ ရေချိုးနေတာလား။ လာ ငါဆေးယူလာခဲ့တယ် မင်းဗိုက်ဆာနေလား"

"ဆာတယ်"

"ခဏတော့စောင့် ကြီးဆင့်ကိုလှမ်းခေါ်ထားတယ်။ ထမင်းရှိသေးတယ်တဲ့"

Red Flag Zone 🚫{ The Thief Who Stole My Heart}Where stories live. Discover now